ဧရာဝတီအမျိုးသမီးအသင်းဟာ အာရှအမျိုးသမီး ချန်ပီယံလိဂ် ခြေစစ်ပွဲအောင်မြင်ရေး အဆုံးအဖြတ်ပွဲစဥ်အဖြစ် တိုင်ပေကလပ် New Taipei City Hang Yuan FC အသင်းနဲ့ ယှဥ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။ ဧရာဝတီအမျိုးသမီးအသင်းဟာ တိုင်ပေကလပ် Hang Yuan FC အသင်းနဲ့ ရမှတ်(၆)မှတ်စီ တူညီနေပေမယ့် ဂိုးကွာခြားချက် အသာစီး ရရှိထားတာကြောင့် ခြေစစ်ပွဲအောင်မြင်ဖို့ အလားအလာ ကောင်းနေပြီး သရေကျခဲ့ရင်တောင် ခြေစစ်ပွဲအောင်မြင်မှာ ဖြစ်ပါတယ်။ ဧရာဝတီအမျိုးသမီးအသင်းနဲ့ တိုင်ပေကလပ် Hang Yuan FC အသင်းတို့ဟာ မနက်ဖန်(သြဂုတ် ၂၃)၊ ညနေ (၄)နာရီအချိန်၊ သုဝဏ္ဏကွင်းမှာ ယှဥ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။



