back

ဧရာဝတီတိုင်းဒေသကြီး၊လေးမျက်နှာမြို့နယ်၌ တာတမံနိမ့်ကျ ရေကျော်မှုကြောင့် ပုသိမ်-ဟင်္သာတနှင့် ပုသိမ်-မုံရွာ ကားလမ်းမပေါ် ရေကျော်လွန်၊ မီးသတ်တပ်ဖွဲ့ဝင်များ ကူညီဆောင်ရွက်

Aug 21 • 1:54 PM

breaking-news

မြန်မာ

ဧရာ၀တီ

cover

ဧရာဝတီတိုင်းဒေသကြီး၊လေးမျက်နှာမြို့နယ်၌ တာတမံနိမ့်ကျ ရေကျော်မှုကြောင့် ပုသိမ်-ဟင်္သာတနှင့် ပုသိမ်-မုံရွာ ကားလမ်းမပေါ် ရေကျော်လွန်၊ မီးသတ်တပ်ဖွဲ့ဝင်များ ကူညီဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာ၏ အောက်ခံ မြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းမှုကြောင့် တာတမံနိမ့်ကျကာ ရေကျော်စီးဝင်မှု ဖြစ်ပွားခ...

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာ၏ အောက်ခံ မြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းမှုကြောင့် တာတမံနိမ့်ကျကာ ရေကျော်စီးဝင်မှု ဖြစ်ပွားခဲ့သည်။ အဆိုပါ ဖြစ်စဉ်ကြောင့် ၂၀၂၆ ခုနှစ် ဩဂုတ်လ ၂၁ ရက် နံနက် ၉ နာရီအချိန်ခန့်တွင် ရေကြည်မြို့နယ်၊ ပုသိမ်-ဟင်္သာတ ကားလမ်း၊ မိုင်တိုင်အမှတ် (၄၃/၀ မှ ၄၃/၆) အထိလည်းကောင်း၊ ငသိုင်းချောင်းနယ်မြေ၊ ပုသိမ်-မုံရွာ ကားလမ်း၊ မိုင်တိုင်အမှတ် (၂၂/၅ မှ ၂၂/၇) အထိလည်းကောင်း ကားလမ်းမပေါ်သို့ ရေကျော်လွန်စီးဆင်းလျက်ရှိသည်။ သတင်းရရှိသဖြင့် ရေကြည်မြို့နယ် မီးသတ်စခန်းနှင့် ငသိုင်းချောင်းနယ်မြေ မီးသတ်စခန်းတို့မှ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များသည် ခရီးသွား ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေးအတွက် လမ်းကြောင်းကူညီရေးလုပ်ငန်းများကို ချက်ချင်း ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

news-view-count-icon

23