back

အဂတိလိုက်စားမှု အလွယ်တကူ ကျူးလွန်မိခြင်းများကို နိုင်ငံ့ဝန်ထမ်းများ အထူးသတိပြုရန် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ တိုက်တွန်း

Aug 19 • 12:20 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

အဂတိလိုက်စားမှု အလွယ်တကူ ကျူးလွန်မိခြင်းများကို နိုင်ငံ့ဝန်ထမ်းများ အထူးသတိပြုရန် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ တိုက်တွန်း

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန၊ အခွန်အယူခံခုံအဖွဲ့ရုံးတို့ ပူးပေါင်းကျင်းပသည့် အသိပညာပေးရှင်းလင်းဆွေးနွေးပွဲတွင် အဂတိလ...

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန၊ အခွန်အယူခံခုံအဖွဲ့ရုံးတို့ ပူးပေါင်းကျင်းပသည့် အသိပညာပေးရှင်းလင်းဆွေးနွေးပွဲတွင် အဂတိလိုက်စားမှုသည် လူ့အဖွဲ့အစည်းအတွင်း ကူးစက်ပျံ့နှံ့လွယ်သဖြင့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အလွယ်တကူ ဖောက်ဖျက်ကျူးလွန်မိခြင်းမရှိစေရေး အထူးသတိပြု ရှောင်ကြဉ်ကြရန် ကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်းက တိုက်တွန်းပြောကြားခဲ့သည်။ ထို့အပြင် အခွန်အယူခံခုံအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဦးကလည်း ပြည်သူနှင့် တိုက်ရိုက်ထိတွေ့ ဝန်ဆောင်မှုပေးနေရသည့် ဝန်ထမ်းများအနေဖြင့် အသေးစား အဂတိလိုက်စားမှုမှအစ ကင်းရှင်းပြီး ဝန်ဆောင်မှုအရည်အသွေး ကောင်းမွန်စေရန် ဆောင်ရွက်ကြရမည်ဟု ပြောကြားခဲ့ရာ အဆိုပါဆွေးနွေးပွဲသည် ဝန်ထမ်းများအကြား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာများ ပိုမိုတိုးပွားလာစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

news-view-count-icon

37