back

ရန်ကုန်၌ ကားမှန်ရိုက်ခွဲ၍ ပစ္စည်းလုယက်မှု များပြားလာ

Aug 19 • 4:05 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်၌ ကားမှန်ရိုက်ခွဲ၍ ပစ္စည်းလုယက်မှု များပြားလာ

ရန်ကုန်အတွင်း ရပ်နားထားသည့် မော်တော်ယာဉ်များ၏ ကားမှန်ရိုက်ခွဲ၍ တန်ဖိုးရှိ ပစ္စည်းများနှင့် ငွေကြေးများကို လုယက်ခံရသည့် ဖြစ်စဉ်များ အဖြစ်များနေကြောင်း ယာဉ်မောင်း...

ရန်ကုန်အတွင်း ရပ်နားထားသည့် မော်တော်ယာဉ်များ၏ ကားမှန်ရိုက်ခွဲ၍ တန်ဖိုးရှိ ပစ္စည်းများနှင့် ငွေကြေးများကို လုယက်ခံရသည့် ဖြစ်စဉ်များ အဖြစ်များနေကြောင်း ယာဉ်မောင်းများ၏ ပြောဆိုချက်အရ သိရသည်။နေ့ခင်းဘက် လူအများ သွားလာနေသည့် နေရာများနှင့် လုံခြုံရေးရှိသည့် ကားရပ်နားရာ နေရာများတွင်ပင် ကားမှန်ရိုက်ခွဲ၍ ပစ္စည်းလုယက်မှုများနှင့် ဘက်မှန်ဖြုတ်ခိုးမှုများ မကြာခဏ ဖြစ်ပွားလျက်ရှိသည်။ ပြီးခဲ့သည့်ဩဂုတ် ၅ ရက်ကလည်း လှိုင်မြို့နယ်တွင် လမ်းဘေးရပ်ထားသည့် တက္ကစီတစ်စီး၏ မှန်ကို ရိုက်ခွဲကာ အတွင်းရှိ ပစ္စည်းများ လုယူသွားသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။ယခုအခါ ယာဉ်မောင်းအများစုမှာ ကားအတွင်း ပစ္စည်းများကို ဝှက်ထားခြင်း သို့မဟုတ် အပြင်သို့ တစ်ပါတည်း သယ်ဆောင်ခြင်းများ ပြုလုပ်နေကြရပြီး အလားတူ ခိုးမှု၊ လုယက်မှု အသေးစားများ ဖြစ်ပွားပါကလည်း ရဲစခန်းသို့ တိုင်ကြားမှု နည်းပါးကြောင်း သိရသည်။

news-view-count-icon

48