ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်ရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်၌ အလုပ်လုပ်ကိုင်နေသူ မြန်မာနိုင်ငံသား ဦးနေဇာကျော်သည် ဇူလိုင်လ ၁၅ ရက်က လုပ်ငန်းခွင် မတော်တဆမှုကြောင့် သေဆုံးခဲ့ရာ အလုပ်ရှင်ဖြစ်သူက စာနာထောက်ထားသည့်အနေဖြင့် ကရုဏာကြေး ဘတ် ၁ သိန်းကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ ကရုဏာကြေးငွေကို ဩဂုတ်လ ၁၇ ရက်နေ့တွင် မြန်မာအလုပ်သမား သံအရာရှိရုံး၌ သေဆုံးသူ၏ ဇနီးဖြစ်သူထံ ပေးအပ်ခဲ့ပြီး အစိုးရ လူမှုဖူလုံရေး အာမခံမှ ရသင့်ရထိုက်သည့် နစ်နာကြေးများကိုလည်း အပြည့်အဝ ရရှိစေရေးအတွက် သံအရာရှိရုံးမှ ကူညီ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံတွင် လုပ်ငန်းခွင် မတော်တဆမှုကြောင့် သေဆုံးခဲ့သည့် မြန်မာအလုပ်သမားအတွက် အလုပ်ရှင်က ကရုဏာကြေး ဘတ်တစ်သိန်း ပေးအပ်
Aug 18 • 10:55 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 20 | 0 | 0 | 0 |


