back

တောင်ကိုရီးယား၊ဂျိုဂျဲမြို့တွင် မိုးရွာသွန်းမှုများပြီး မြေပြိုမှုကြောင့် လူတစ်ဦး သေဆုံး

Aug 18 • 6:47 AM

breaking-news

တောင်ကိုရီးယား

ပြည်တွင်းသတင်း

cover

တောင်ကိုရီးယား၊ဂျိုဂျဲမြို့တွင် မိုးရွာသွန်းမှုများပြီး မြေပြိုမှုကြောင့် လူတစ်ဦး သေဆုံး

တောင်ကိုရီးယားနိုင်ငံ အရှေ့တောင်ပိုင်း ဂျိုဂျဲ (Geoje) မြို့အပါအဝင် ကယောင်းဆန်းတောင်ပိုင်း ပြည်နယ်အတွင်း စနေနေ့မှ တနင်္လာနေ့ နံနက်ပိုင်းအထိ မိုးရေချိန် ၈၀၀ မီလီ...

တောင်ကိုရီးယားနိုင်ငံ အရှေ့တောင်ပိုင်း ဂျိုဂျဲ (Geoje) မြို့အပါအဝင် ကယောင်းဆန်းတောင်ပိုင်း ပြည်နယ်အတွင်း စနေနေ့မှ တနင်္လာနေ့ နံနက်ပိုင်းအထိ မိုးရေချိန် ၈၀၀ မီလီမီတာကျော် ရွာသွန်းခဲ့မှုကြောင့် မြေပြိုမှုများနှင့် ရေကြီးရေလျှံမှုများ ဘေးဒုက္ခကျရောက်လျက်ရှိသည်။ မိုးလေဝသဌာန၏ ထုတ်ပြန်ချက်အရ ဂျိုဂျဲမြို့တွင် စနေနေ့မှ တနင်္လာနေ့ နံနက် ၈ နာရီအထိ မိုးရေချိန် ၈၀၅.၇ မီလီမီတာနှင့် အနီးနားရှိ တွန်ယောင်း (Tongyeong) မြို့တွင် ၆၇၁.၉ မီလီမီတာအထိ မိုးသည်းထန်စွာ ရွာသွန်းခဲ့သည်။တနင်္လာနေ့ နံနက် ၄ နာရီ ၄၂ မိနစ်ခန့်ကလည်း ဂျိုဂျဲမြို့ Okpo-dong ရှိ အပါတ်မန့်တိုက်တစ်ခုပေါ်သို့ မြေပြိုကျခဲ့သဖြင့် နေအိမ်အတွင်း ပိတ်မိနေသူ ၃ ဦးကို ရဲနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ကယ်ဆယ်နိုင်ခဲ့သော်လည်း ၁ ဦးမှာ နှလုံးရပ်တန့်သွားခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားခဲ့ကြောင်း သိရသည်။ ထို့ပြင် မြစ်ချောင်းများ ရေလျှံလာမှုကြောင့် လမ်းမများ ရေနစ်မြုပ်ခဲ့ပြီး မီးသတ်ဌာနသို့ ဒေသခံများထံမှ အရေးပေါ် ကူညီကယ်ဆယ်ရေး ဖုန်းခေါ်ဆိုမှုပေါင်း ၂၀ ထက်မနည်း လက်ခံရရှိခဲ့သည်။မိုးလေဝသဌာနက ဂျိုဂျဲနှင့် တွန်ယောင်း အပါအဝင် ဒေသ ၅ ခုတွင် မိုးသည်းထန်စွာ ရွာသွန်းနိုင်ကြောင်း အနီရောင်အဆင့် သတိပေးချက်များ ထုတ်ပြန်ထားပြီး နောက်ထပ် မိုးရေချိန် ၁၅၀ မီလီမီတာအထိ ဆက်လက်ရွာသွန်းနိုင်ကြောင်း သတိပေးထားသည်။

news-view-count-icon

14