back

မလေးရှား ဆာရာဝါခ်ပြည်နယ်၌ လေထုအရည်အသွေး ပြန်လည်ကောင်းမွန်လာ

Aug 18 • 3:42 AM

breaking-news

မလေးရှား

ပြည်တွင်း

cover

မလေးရှား ဆာရာဝါခ်ပြည်နယ်၌ လေထုအရည်အသွေး ပြန်လည်ကောင်းမွန်လာ

မလေးရှားနိုင်ငံ ဆာရာဝါခ် (Sarawak) ပြည်နယ်ရှိ စီရီယန် (Serian) နှင့် ဆာမားရားဟန်း (Samarahan) အပါအဝင် ဒေသအများအပြား၌ လေထုညစ်ညမ်းမှုညွှန်းကိန်း (API) ပြန်လည်ကျဆင...

မလေးရှားနိုင်ငံ ဆာရာဝါခ် (Sarawak) ပြည်နယ်ရှိ စီရီယန် (Serian) နှင့် ဆာမားရားဟန်း (Samarahan) အပါအဝင် ဒေသအများအပြား၌ လေထုညစ်ညမ်းမှုညွှန်းကိန်း (API) ပြန်လည်ကျဆင်းလာပြီး ကျန်းမာရေးအတွက် စိုးရိမ်ရသည့်အဆင့်မှ အသင့်အတင့်အဆင့်သို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။သဘာဝအရင်းအမြစ်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဘုတ်အဖွဲ့၏ စောင့်ကြည့်တိုင်းတာချက်များအရ စီရီယန်တွင် လေထုညွှန်းကိန်း ၁၅၇ မှ ၉၈ သို့လည်းကောင်း၊ ဆာမားရားဟန်းတွင် ၁၅၁ မှ ၉၂ သို့လည်းကောင်း လျော့ကျသွားခဲ့ကာ ကူချင်း (Kuching) အပါအဝင် အခြားစောင့်ကြည့်ရေးစခန်းအများစုတွင်လည်း လေထုအရည်အသွေး ပိုမိုကောင်းမွန်လာခဲ့သည်။

news-view-count-icon

17