back

စင်ကာပူရှိ Nozomii Vending လုပ်ငန်း ပျက်စီးသွားပြီးနောက် ရင်းနှီးမြှုပ်နှံသူ ၄၀ ကျော် ဒေါ်လာ ၄ သန်းခန့် ဆုံးရှုံးမှုနှင့် ရင်ဆိုင်နေရ

Aug 18 • 3:17 AM

breaking-news

စင်ကာပူ

ပြည်တွင်းသတင်း

cover

စင်ကာပူရှိ Nozomii Vending လုပ်ငန်း ပျက်စီးသွားပြီးနောက် ရင်းနှီးမြှုပ်နှံသူ ၄၀ ကျော် ဒေါ်လာ ၄ သန်းခန့် ဆုံးရှုံးမှုနှင့် ရင်ဆိုင်နေရ

စင်ကာပူနိုင်ငံရှိ Nozomii Vending အလိုအလျောက် ပစ္စည်းရောင်းချသည့် စက်လုပ်ငန်း၏ ပိုင်ရှင်ဖြစ်သူ Lim Jian Bin သည် ဇူလိုင်လအတွင်း ဒေဝါလီခံခဲ့ရပြီးနောက် ၎င်း၏ လုပ်င...

စင်ကာပူနိုင်ငံရှိ Nozomii Vending အလိုအလျောက် ပစ္စည်းရောင်းချသည့် စက်လုပ်ငန်း၏ ပိုင်ရှင်ဖြစ်သူ Lim Jian Bin သည် ဇူလိုင်လအတွင်း ဒေဝါလီခံခဲ့ရပြီးနောက် ၎င်း၏ လုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံထားသူ ၄၀ ကျော်မှာ စင်ကာပူဒေါ်လာ ၄ သန်းခန့် (မလေးရှားရင်းဂစ် ၁၂.၆ သန်းကျော်) ဆုံးရှုံးမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။ အဆိုပါ လုပ်ငန်းရှင်သည် ရင်းနှီးမြှုပ်နှံသူများကို တစ်နှစ်လျှင် ၁၀ ရာခိုင်နှုန်းအထိ အမြတ်ငွေ ပြန်လည်ပေးအပ်မည်ဟု ကတိပြုကာ စည်းရုံးခဲ့ခြင်းဖြစ်သည်။အဓိက ထိခိုက်နစ်နာသူများထဲတွင် ဘဏ္ဍာရေး အကြံပေးတစ်ဦးဖြစ်သူ Kevin Lin လည်း ပါဝင်ပြီး ၂၀၂၃ ခုနှစ်မှစ၍ ဘဏ်ချေးငွေများအပါအဝင် စင်ကာပူဒေါ်လာ ၄၈၄,၃၀၀ ကို ရင်းနှီးမြှုပ်နှံခဲ့သည်။ ယခင်က အမြတ်ငွေများကို ပုံမှန်ပေးချေခဲ့သော်လည်း ယခုနှစ် ဖေဖော်ဝါရီလမှစ၍ ငွေပေးချေမှုများ ကြန့်ကြာလာကာ နောက်ပိုင်းတွင် လုံးဝ ရပ်တန့်သွားခဲ့ခြင်းဖြစ်သည်။လက်ရှိတွင် ရဲတပ်ဖွဲ့က နစ်နာသူများ၏ တိုင်ကြားချက်များအရ စုံစမ်းစစ်ဆေးမှုများ စတင်ဆောင်ရွက်နေပြီး ဒေဝါလီခံလိုက်ရသည့် လုပ်ငန်းရှင် Lim Jian Bin ကမူ ၎င်းအနေဖြင့် အနှောင့်အယှက်ပေးခံရခြင်းနှင့် လုပ်ငန်းဖျက်ဆီးခံရခြင်းတို့ ကြောင့် ပျက်စီးခဲ့ရခြင်းဖြစ်ကြောင်းနှင့် နစ်နာသူများကို တောင်းပန်ကြောင်း သဝဏ်လွှာများ ပေးပို့ခဲ့သည်။ ယခုဖြစ်စဉ်နှင့် ပတ်သက်၍ ဘဏ္ဍာရေး ကျွမ်းကျင်သူများက ရင်းနှီးမြှုပ်နှံသူများအနေဖြင့် လုပ်ငန်းရှင်များ၏ ဟန်ပြအောင်မြင်မှုများကို သာမကဘဲ လုပ်ငန်း၏ နောက်ကြောင်းရာဇဝင်နှင့် စီးပွားရေး လုပ်ဆောင်ချက်များကို သေချာစွာ စိစစ်စုံစမ်းပြီးမှ ရင်းနှီးမြှုပ်နှံသင့်ကြောင်း သတိပေးထားသည်။

news-view-count-icon

12