ဗီယက်နမ်နိုင်ငံသည် ၂၀၂၆ ခုနှစ်၏ ပထမ ၆ လအတွင်း နိုင်ငံတကာ ခရီးသွားဧည့်သည် ၁၂.၃ သန်းခန့် (ပြီးခဲ့သည့်နှစ်ထက် ၁၅ ရာခိုင်နှုန်းနီးပါး တိုးတက်မှု) လက်ခံရရှိခဲ့ပြီး တရုတ်နှင့် တောင်ကိုရီးယားတို့မှာ အများဆုံး လာရောက်သည့် နိုင်ငံများဖြစ်ကြောင်း သိရသည်။ သို့သော်လည်း ခရီးသွား အရေအတွက် တစ်ခုတည်းကိုသာ မဟုတ်ဘဲ တည်းခိုချိန် ပိုမိုကြာမြင့်ရေး၊ သုံးစွဲမှု မြှင့်တင်ရေးနှင့် အတွေ့အကြုံ ကောင်းမွန်ရေး စသည့် အရည်အသွေးပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို အဓိကထား ဆောင်ရွက်လျက်ရှိသည်။ဩဂုတ် ၁၆ ရက်နေ့တွင် Gia Lai ပြည်နယ်၌ ကျင်းပခဲ့သည့် နိုင်ငံတကာ ခရီးသွား ဖိုရမ် (International Travel Forum 2026) ၌ ခရီးသွား အသင်းအဖွဲ့များနှင့် လေကြောင်းလိုင်းများ၊ ဟိုတယ်များနှင့် ခရီးသွား အေဂျင်စီများအကြား ချိတ်ဆက်မှု အားကောင်းစေရန် ဆွေးနွေးခဲ့ကြသည်။အထူးသဖြင့် Gia Lai ပြည်နယ်၏ ပင်လယ်ကမ်းခြေ ရှုခင်းများနှင့် တောင်ပေါ်ဒေသ ယဉ်ကျေးမှုများ (ဥပမာ- Quy Nhon၊ Bien Ho၊ Chu Dang Ya စသည့် သဘာဝအလှများနှင့် တိုင်းရင်းသား ယဉ်ကျေးမှုများ) ကို ပေါင်းစပ်၍ ခရီးစဉ်သစ်များ ဖန်တီးကာ နိုင်ငံတကာ ခရီးသွားများကို ရေရှည်ဆွဲဆောင်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိသည်။
ဗီယက်နမ်၌ နိုင်ငံတကာ ခရီးသွားများ ပိုမိုဆွဲဆောင်နိုင်ရန် အရည်အသွေးမြင့် ခရီးသွားလုပ်ငန်း မဟာဗျူဟာများ ပြောင်းလဲကျင့်သုံး
Aug 18 • 2:46 AM
ဗီယက်နမ်
ပြည်တွင်းသတင်း
မျှဝေမည်
| 23 | 0 | 0 | 0 |


