ဗီယက်နမ်နိုင်ငံ တောင်ပိုင်းအလယ်ပိုင်း ခန်းဟွာ (Khanh Hoa) ပြည်နယ်၊ ညာထရန်း (Nha Trang) မြို့တွင် တည်ရှိပြီး နှစ်ပေါင်း ၁၀၀ ကျော် သမိုင်းကြောင်းရှိသည့် "ဘိုဒိုင်း အပန်းဖြေဗီလာများ" (Bao Dai Villas) သမိုင်းဝင် အမွေအနှစ်စခန်းရှိ ဗီလာအိမ်တော် ၂ လုံးကို ဆယ်စုနှစ်တစ်ခုကျော် ပိတ်ထားခဲ့ပြီးနောက် ပြန်လည်မွမ်းမံပြင်ဆင်ကာ ခရီးသွားများအတွက် လည်ပတ်ခွင့် ပြန်လည်ဖွင့်လှစ်ပေးလိုက်ပြီဖြစ်သည်။အဆိုပါ Cầu Đá အိမ်တော်ကို ၁၉၂၃ ခုနှစ်တွင် ပြင်သစ်တို့က ညာထရန်းမြို့တောင်ဘက်ရှိ Cảnh Long တောင်ကုန်းပေါ်၌ ဗီလာ ၅ လုံးဖြင့် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ၁၉၄၀ မှ ၁၉၄၅ ခုနှစ်အထိ ဗီယက်နမ်နိုင်ငံ နုယင်မင်းဆက် (Nguyen Dynasty) ၏ ၁၃ ပါးမြောက်နှင့် နောက်ဆုံးဧကရာဇ် ဘိုဒိုင်း (Emperor Bao Dai) နှင့် မိဖုရားခေါင်ကြီး နမ်ဖူအွန် (Empress Nam Phuong) တို့သည် အပန်းဖြေရန် လာရောက်တည်းခိုခဲ့ကြသဖြင့် "ဘိုဒိုင်း ဗီလာများ" ဟု လူသိများခဲ့သည်။လက်ရှိတွင် ဒေသဆိုင်ရာ အာဏာပိုင်များက Vọng Nguyệt နှင့် Nghinh Phong ဟု အမည်ရသည့် ဗီလာအိမ်တော် ၂ လုံးကို မွမ်းမံကာ သမိုင်းဝင် ရှေးဟောင်းပစ္စည်းများ ခင်းကျင်းပြသပြီး တနင်္လာမှ သောကြာနေ့အထိ လည်ပတ်သူများ ကြည့်ရှုနိုင်ရန် စီစဉ်ပေးထားသည်။ ယင်းအပန်းဖြေစခန်းမှကြည့်ပါက ညာထရန်း ပင်လယ်ကွေ့၊ Cau Da ဆိပ်ကမ်းနှင့် တောင်ဘက် ပင်လယ်ပြင်၏ လှပသော ရှုခင်းများကို တိုက်ရိုက် ကြည့်ရှုခံစားနိုင်ကာ ခန်းဟွာပြည်နယ် အစိုးရကလည်း ယင်းနေရာကို "သမိုင်းဝင်ယဉ်ကျေးမှု အမွေအနှစ်နှင့် သဘာဝရှုခင်းကြည့်နေရာ" အဖြစ် တရားဝင် အသိအမှတ်ပြုထားသည်။
ဗီယက်နမ်၏ နောက်ဆုံးဧကရာဇ် အပန်းဖြေခဲ့သည့် နှစ် ၁၀၀ ကျော် သမိုင်းဝင် အိမ်တော်များ ပြန်လည်မွမ်းမံ ဖွင့်လှစ်
Aug 18 • 2:06 AM
ဗီယက်နမ်
ပြည်တွင်းသတင်း
မျှဝေမည်
| 20 | 0 | 0 | 0 |


