ဥရောပနိုင်ငံ သံရုံးတစ်ရုံး၏ သတင်းပေးပို့ချက်အရ ထိုင်းလူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့သည် ဘန်ကောက်မြို့၊ စိုင်းမိုင် (Sai Mai) ခရိုင်ရှိ ဗီဇာအကြံပေး ကုမ္ပဏီတစ်ခုကို ဩဂုတ် ၁၂ ရက်နေ့က ဝင်ရောက်စီးနင်းခဲ့ကြောင်း မာတီချွန် (Matichon) သတင်းတွင် ဖော်ပြထားသည်။အဆိုပါ ကုမ္ပဏီသည် ဥရောပ ဗီဇာလျှောက်ထားလိုသူများအတွက် ဘဏ်စာရင်းများနှင့် ငွေကြေးဆိုင်ရာ စာရွက်စာတမ်းအတုများကို လိမ်လည်ပြုလုပ်ပေးနေခြင်းဖြစ်သည်။ ၎င်းရုံးခန်းအတွင်းမှ စီးပွားရေးဘဏ်များ၏ ရော်ဘာတံဆိပ်တုံးအတု ၂၀ ကျော်၊ လစာထောက်ခံစာအတုများ၊ ဘဏ်စာရင်းအတုများနှင့် ကွန်ပျူတာ ၄ လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်။အဆိုပါ ဖြစ်စဉ်ကြောင့် နစ်နာသူ လူပေါင်း ၄၀၀ ကျော်ရှိခဲ့ပြီး ကုမ္ပဏီက တစ်ဦးလျှင် ဘတ် ၄၀,၀၀၀ နှုန်းဖြင့် ကောက်ခံခဲ့သဖြင့် စုစုပေါင်း ဆုံးရှုံးမှုတန်ဖိုး ဘတ် ၁၆ သန်းကျော်အထိ ရှိခဲ့သည်။ လက်ရှိတွင် ရဲတပ်ဖွဲ့က သက်သေခံပစ္စည်းများကို စစ်ဆေးကာ စာရွက်စာတမ်းနှင့် တံဆိပ်တုံး တုပမှု ပြစ်မှုဆိုင်ရာ ဥပဒေများဖြင့် အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ဗီဇာအတွက် စာရွက်စာတမ်းအတု ပြုလုပ်ပေးသည့် ကုမ္ပဏီကို စီးနင်းဖမ်းဆီး၊ လူ ၄၀၀ ကျော် ဘတ် ၁၆ သန်းကျော် ဆုံးရှုံး
Aug 18 • 1:47 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 13 | 0 | 0 | 0 |


