ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဒူဆစ်ခရိုင် Samsen လမ်းသွယ် ၁၃ အနီးတွင် ဩဂုတ် ၁၇ ရက် နံနက်ပိုင်းက ကွန်ကရစ်ပြား ပြိုကျမှု ဖြစ်ပွားခဲ့ရာ အလုပ်သမားအချို့ အောက်၌ ပိတ်မိနေကြောင်း ခေတ်ဆုတ် (Khaosod) သတင်းတွင် ဖော်ပြထားသည်။ဖြစ်စဉ်ဖြစ်ပွားပြီးနောက် Samsen မီးသတ်နှင့် ကယ်ဆယ်ရေးစခန်းမှ တာဝန်ရှိသူများ အခင်းဖြစ်ပွားရာနေရာသို့ ချက်ချင်း သွားရောက်ကာ ကွန်ကရစ်ပြားအောက်တွင် ပိတ်မိနေသူများကို ဘေးကင်းစွာ ကယ်ထုတ်နိုင်ရေး အခြေအနေများ အကဲဖြတ်၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက် ရှိသည်။လက်ရှိအချိန်အထိ ထိခိုက်ဒဏ်ရာရရှိသူ အရေအတွက်၊ အခြေအနေနှင့် ကွန်ကရစ်ပြား ပြိုကျရသည့် အကြောင်းရင်း အမှန်ကို အာဏာပိုင်များက အတည်ပြုထုတ်ပြန်ထားခြင်း မရှိသေးဘဲ အသေးစိတ် စုံစမ်းစစ်ဆေးမှုများကို ဆက်လက် ဆောင်ရွက်လျက် ရှိသည်။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ Samsen လမ်း၌ ကွန်ကရစ်ပြား ပြိုကျမှုဖြစ်ပွားပြီး အလုပ်သမားအချို့ ပိတ်မိနေ
Aug 18 • 1:43 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 14 | 0 | 0 | 0 |


