back

ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းတွင် ထိုင်းနိုင်ငံ အဓိက ပါဝင်ဆောင်ရွက်ရန် မျှော်လင့်နေ

Aug 17 • 12:37 PM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းတွင် ထိုင်းနိုင်ငံ အဓိက ပါဝင်ဆောင်ရွက်ရန် မျှော်လင့်နေ

 စီမံကိန်းတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်ရန် ထိုင်းနိုင်ငံက ပြင်ဆင်လျက်ရှိပြီး အဆိုပါ ဆိပ်ကမ်းသည် ထိုင်း၏ သွင်းကုန်ထုတ်ကုန်များအတွက် မလက္ကာရေလက်ကြားအပေါ် မှီခိုမှုက...

 စီမံကိန်းတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်ရန် ထိုင်းနိုင်ငံက ပြင်ဆင်လျက်ရှိပြီး အဆိုပါ ဆိပ်ကမ်းသည် ထိုင်း၏ သွင်းကုန်ထုတ်ကုန်များအတွက် မလက္ကာရေလက်ကြားအပေါ် မှီခိုမှုကို လျှော့ချပေးနိုင်ကာ ဒေသတွင်း ထောက်ပံ့ပို့ဆောင်ရေး ဗဟိုချက် ဖြစ်လာစေရန် ရည်ရွယ်ထားကြောင်း သိရသည်။ ထို့ပြင် စီမံကိန်းအတွက် ထိုင်းကုမ္ပဏီများ ကားလမ်း၊ ရထားလမ်း ချိတ်ဆက်ရန် စိတ်ဝင်စားနေကြသည့်အပြင် ရုရှားနိုင်ငံကလည်း ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာပိုင်းတွင် ပါဝင်ရန် စိတ်ဝင်စားလျက်ရှိရာ ရုရှားနှင့် ထိုင်းနှစ်နိုင်ငံအကြား ကုန်သွယ်မှု မြှင့်တင်ရေး၊ ငွေပေးချေမှု အခက်အခဲ ဖြေရှင်းရေးနှင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို တွန်းအားပေးရန် အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

news-view-count-icon

26