အဘူဒါဘီ အိမ်ရာအာဏာပိုင်အဖွဲ့ (ADHA) သည် နိုင်ငံသားများအတွက် နေအိမ်သစ် ဆောက်လုပ်ခြင်း၊ ဖျက်သိမ်း၍ ပြန်လည်ဆောက်လုပ်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းဆိုင်ရာ အိမ်ရာချေးငွေများ စတင်ထုတ်ယူ အသက်သွင်းရမည့် ကာလကို အပိုဒ် ၂ နှစ် ထပ်မံတိုးမြှင့်ပေးလိုက်ကြောင်း ထုတ်ပြန်ခဲ့သည်။အဆိုပါ ဆုံးဖြတ်ချက်သည် UAE အစိုးရ၏ ၂၀၂၆ ခုနှစ် "မိသားစုနှစ်" (Year of the Family) ရည်မှန်းချက်များနှင့်အညီ မိသားစုများ၏ လူနေမှုဘဝ မြှင့်တင်ပေးရန်နှင့် ဆောက်လုပ်ရေး စျေးကွက်အတွင်း ကုန်ကျစရိတ် ပြောင်းလဲမှုများအပေါ် မူတည်၍ နိုင်ငံသားများအတွက် ဖိအားနည်းပါးစေရန် စီစဉ်ပေးခြင်းဖြစ်သည်။ ယခင်က အိမ်ရာချေးငွေများကို ၃ နှစ်အတွင်း စတင်အသက်သွင်းရန် သတ်မှတ်ထားသော်လည်း ယခု ၂ နှစ် ထပ်မံတိုးမြှင့်လိုက်သဖြင့် သုံးစွဲသူများအနေဖြင့် အချိန်ပိုမိုရရှိကာ စနစ်တကျ ပြင်ဆင်နိုင်မည်ဖြစ်သည်။ယခုလို သက်တမ်းတိုးပေးခြင်းဖြင့် အဘူဒါဘီ နိုင်ငံသားများအနေဖြင့် တည်ဆောက်ရေး ကုန်ကျစရိတ်များကို သင့်တင့်လျောက်ပတ်စွာ တွက်ချက်နိုင်မည်ဖြစ်ပြီး အရည်အသွေးမြင့် ကန်ထရိုက်တာများနှင့် အကြံပေးများကို စိတ်ကြိုက် ရွေးချယ်နိုင်ရန် အခွင့်အရေး ပိုမိုရရှိလာမည်ဖြစ်သည်။
ယူအေအီးရှိ အဘူဒါဘီတွင် နေအိမ်ဆောက်လုပ်ရေးနှင့် ပြုပြင်ထိန်းသိမ်းရေး ချေးငွေ စတင်ထုတ်ယူခွင့် ကာလကို ၂ နှစ် ထပ်မံတိုးမြှင့်
Aug 17 • 6:50 AM
UAE
ပြည်တွင်းသတင်း
မျှဝေမည်
| 16 | 0 | 0 | 0 |


