ဂျပန် အာကာသ သုတေသန အေဂျင်စီ (JAXA) ၏ သိပ္ပံပညာရှင်များသည် အင်္ဂါဂြိုဟ်၏ လရံဂြိုဟ်များထံမှ မြေဆီလွှာ နမူနာများ သယ်ဆောင်လာမည့် Martian Moons eXploration (MMX) အာကာသ ယာဉ် ပစ်လွှတ်ရေးအတွက် တာနဲဂါရှီးမား အာကာသ စခန်း၌ ပြင်ဆင်လျက်ရှိကြောင်း သိရသည်။အဆိုပါ မစ်ရှင်သည် အင်္ဂါဂြိုဟ်၏ လရံဂြိုဟ်များဖြစ်သည့် Phobos နှင့် Deimos တို့ကို လေ့လာမည်ဖြစ်ပြီး Phobos ဂြိုဟ်မျက်နှာပြင်ပေါ်သို့ ဆင်းသက်ကာ နမူနာ မြေဆီလွှာ အနည်းဆုံး ၁၀ ဂရမ်ခန့် ကောက်ယူမည်ဖြစ်သည်။ စီမံကိန်းအတွင်း IDEFIX ဟု အမည်ပေးထားသည့် နယ်သာလန်နှင့် ပြင်သစ်တို့ ပူးပေါင်းထုတ်လုပ်သော ရိုဗာယာဉ်ကိုလည်း စေလွှတ်၍ ဂြိုဟ်မျက်နှာပြင် လေ့လာမှုများ ပြုလုပ်သွားမည်ဖြစ်သည်။MMX အာကာသယာဉ်သည် အင်္ဂါဂြိုဟ် ပတ်လမ်းကြောင်းအတွင်း ၃ နှစ်ခန့် ကြာမြင့်စွာ လှည့်ပတ် လေ့လာမည်ဖြစ်ပြီး စေလွှတ်လိုက်သည့် သုတေသန နမူနာ သေတ္တာ (Capsule) သည် ၂၀၃၁ ခုနှစ်ဝန်းကျင်တွင် ဩစတြေးလျနိုင်ငံသို့ ပြန်လည် ရောက်ရှိလာမည်ဖြစ်သည်။ ယခု မစ်ရှင်မှ ရရှိမည့် နမူနာများသည် နေအဖွဲ့အစည်းနှင့် ကမ္ဘာပေါ်တွင် သက်ရှိများ စတင်ဖြစ်ပေါ်လာပုံ အရင်းအမြစ်များကို ဖော်ထုတ်ရာ၌ အရေးပါသော အထောက်အကူ ပေးနိုင်မည်ဟု ဂျပန် သိပ္ပံပညာရှင်များက မျှော်လင့်ထားကြသည်။
ဂျပန် သိပ္ပံပညာရှင်များ အင်္ဂါဂြိုဟ်၏ အရံဂြိုဟ်မှ နမူနာများ ရယူမည့် MMX အာကာသ စီမံကိန်းကို စတင်ရန် ပြင်ဆင
Aug 17 • 4:33 AM
ဂျပန်
ပြည်တွင်းသတင်း
မျှဝေမည်
| 22 | 0 | 0 | 0 |


