back

ဗီယက်နမ် ဟိုချီမင်းစီးတီးတွင် တစ်ပတ်ကြာ သက်သတ်လွတ် အစားအစာပွဲတော်ကို ဩဂုတ်လကုန်၌ ကျင်းပမည်ဖြစ်

Aug 17 • 3:22 AM

breaking-news

ဗီယက်နမ်

ပြည်တွင်းသတင်း

cover

ဗီယက်နမ် ဟိုချီမင်းစီးတီးတွင် တစ်ပတ်ကြာ သက်သတ်လွတ် အစားအစာပွဲတော်ကို ဩဂုတ်လကုန်၌ ကျင်းပမည်ဖြစ်

ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းစီးတီးရှိ Binh Phu ဥယျာဉ်၌ "Green Food Festival 2026" သက်သတ်လွတ် အစားအစာပွဲတော်ကို ဩဂုတ်လ ၂၄ ရက်မှ ၃၀ ရက်နေ့အထိ တစ်ပတ်ကြာ ကျင်းပသွားမ...

ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းစီးတီးရှိ Binh Phu ဥယျာဉ်၌ "Green Food Festival 2026" သက်သတ်လွတ် အစားအစာပွဲတော်ကို ဩဂုတ်လ ၂၄ ရက်မှ ၃၀ ရက်နေ့အထိ တစ်ပတ်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။"Choose Green Food for a Green Future" ခေါင်းစဉ်ဖြင့် ကျင်းပမည့် အဆိုပါ ပွဲတော်တွင် ဗီယက်နမ် ရိုးရာ သက်သတ်လွတ် ဟင်းလျာများ၊ ခေတ်မီ အပင်အခြေပြု အစားအသောက်များနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ စိုက်ပျိုးရေး ထုတ်ကုန်များကို ဆိုင်ခန်းပေါင်း ရာပေါင်းများစွာဖြင့် ခင်းကျင်းပြသသွားမည်ဖြစ်သည်။ ပွဲတော်ကာလအတွင်း လာရောက်လည်ပတ်သူ ၃၅၀,၀၀၀ ကျော်ရှိမည်ဟု ခန့်မှန်းထားသည်။ပွဲတော်အတွင်း သက်သတ်လွတ် ဖိုး (Pho)၊ မုန့်ဟင်းခါးပုံစံ ဘွန် (Bun) နှင့် ဘန့်ဆဲအို (Banh Xeo) ချက်ပြုတ်ပြိုင်ပွဲများ၊ ဟင်းချက်နည်း သရုပ်ပြပွဲများ၊ ကျောင်းသားများအတွက် သက်သတ်လွတ် ဟင်းချက်ပြိုင်ပွဲများနှင့် ပလတ်စတစ် လျှော့ချရေး၊ အမှိုက် ပြန်လည်ဆန်းသစ် အသုံးပြုရေးဆိုင်ရာ လှုပ်ရှားမှုများကိုပါ ထည့်သွင်းကျင်းပသွားမည်ဖြစ်သည်။

news-view-count-icon

14