back

တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်က ငြိမ်းချမ်းရေးအတွက် မြောက်ကိုရီးယားနှင့် ဆွေးနွေးရန် တောင်းဆို

Aug 16 • 12:30 PM

breaking-news

တောင်ကိုရီးယား

ပြည်တွင်းသတင်း

cover

တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်က ငြိမ်းချမ်းရေးအတွက် မြောက်ကိုရီးယားနှင့် ဆွေးနွေးရန် တောင်းဆို

ကိုရီးယားကျွန်းဆွယ်တွင် တင်းမာမှုများ လှော့ချပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ရေးအတွက် မြောက်ကိုရီးယားနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြန်လည်စတင်ရန် တောင်...

ကိုရီးယားကျွန်းဆွယ်တွင် တင်းမာမှုများ လှော့ချပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ရေးအတွက် မြောက်ကိုရီးယားနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြန်လည်စတင်ရန် တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်က ကိုရီးယားလွတ်မြောက်မှု နှစ်ပတ်လည်နေ့ မိန့်ခွန်း၌ တိုက်တွန်းပြောကြားလိုက်သည်။ သမ္မတလီက ၁၉၅၀-၁၉၅၃ ကိုရီးယားစစ်ပွဲ၏ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးစနစ်ဖြင့် အစားထိုးရန်နှင့် နျူကလီးယားစွမ်းရည် ထိန်းချုပ်ရေးအစီအမံများ ပါဝင်သည့် ဆွေးနွေးမှုများ ပြုလုပ်ရန် ကမ်းလှမ်းခဲ့သော်လည်း လက်ရှိတွင် မြောက်ကိုရီးယားဘက်က ယင်းစေ့စပ်ညှိနှိုင်းရေး ကမ်းလှမ်းချက်များကို ပယ်ချထားသည်။ သို့သော်လည်း တောင်ကိုရီးယားအစိုးရအနေဖြင့် တင်းမာမှု လျှော့ချရေးအတွက် ကြိုတင်ကာကွယ်မှုများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သလို ဂျပန်နိုင်ငံနှင့် ဆက်ဆံရေးတွင်လည်း အတိတ်သမိုင်းဆိုင်ရာ ပြဿနာများကို ဖြေရှင်းရင်း အနာဂတ်အတွက် ပူးပေါင်းဆောင်ရွက်သွားရန် တိုက်တွန်းခဲ့သည်။

news-view-count-icon

12