back

သဘာဝဘေး ကြိုတင်ကာကွယ်ရေးအတွက် AI၊ ဒရုန်းနှင့် ဂြိုဟ်တုနည်းပညာများ အသုံးချရန် သမ္မတ ရှီကျင့်ဖျင် တိုက်တွန်း

Aug 16 • 12:05 PM

breaking-news

တရုတ်

ပြည်တွင်းသတင်း

cover

သဘာဝဘေး ကြိုတင်ကာကွယ်ရေးအတွက် AI၊ ဒရုန်းနှင့် ဂြိုဟ်တုနည်းပညာများ အသုံးချရန် သမ္မတ ရှီကျင့်ဖျင် တိုက်တွန်း

ကမ္ဘာကြီး ပူနွေးလာမှုနှင့်အတူ မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ ရေကြီးခြင်း၊ မုန်တိုင်းကျရောက်ခြင်းနှင့် မိုးခေါင်ခြင်း စသည့် ပြင်းထန် ရာသီဥတု ဖြစ်စဉ်များ ပိုမို မျ...

ကမ္ဘာကြီး ပူနွေးလာမှုနှင့်အတူ မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ ရေကြီးခြင်း၊ မုန်တိုင်းကျရောက်ခြင်းနှင့် မိုးခေါင်ခြင်း စသည့် ပြင်းထန် ရာသီဥတု ဖြစ်စဉ်များ ပိုမို များပြားလာနေသဖြင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ ဘေးဒဏ်လျှော့ချရေးနှင့် အရေးပေါ် တုံ့ပြန်ရေးဆိုင်ရာ စွမ်းဆောင်ရည်များကို စဉ်ဆက်မပြတ် မြှင့်တင်ရန် တရုတ်သမ္မတ ရှီကျင့်ဖျင်က တိုက်တွန်း ပြောကြားခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီ၏ Qiushi ဂျာနယ်တွင် ဖော်ပြခဲ့သည့် သမ္မတ ရှီ၏ ပြောကြားချက်၌ သဘာဝဘေး တုံ့ပြန်ရေး လုပ်ငန်းများတွင် AI၊ ဒရုန်းနှင့် ဂြိုဟ်တု နည်းပညာ ကဲ့သို့သော ခေတ်မီ နည်းပညာများကို ထိရောက်စွာ အသုံးချကာ စောင့်ကြည့် လေ့လာရေးနှင့် ကြိုတင် သတိပေးစနစ်များကို မြှင့်တင်သွားရန် ပါဝင်ကြောင်း သိရသည်။

news-view-count-icon

10