တောင်ကိုရီးယား၌ လွန်ခဲ့သော နှစ်ပေါင်း ၃၀ အတွင်း ပေါ်ထွက်ခဲ့သည့် K-pop အိုင်ဒေါ အဖွဲ့ပေါင်း ၁,၁၈၂ ဖွဲ့၏ အချက်အလက်များကို လေ့လာဆန်းစစ်ခဲ့ရာတွင် အယ်လ်ဘမ် တစ်ခုလျှင် အချပ်ရေ ၃၀၀,၀၀၀ (၃ သိန်း) ကျော် ရောင်းချနိုင်သည့် အဖွဲ့မှာ ၃.၅၅ ရာခိုင်နှုန်း (၄ ဖွဲ့အောက်) သာ ရှိကြောင်း Sungshin အမျိုးသမီး တက္ကသိုလ်မှ ပါမောက္ခ Kim Jeong-seop ၏ သုတေသန အစီရင်ခံစာတွင် ဖော်ပြထားသည်။အဆိုပါ သုတေသနအရ K-pop အဖွဲ့များ၏ ထက်ဝက်နီးပါးသည် ပွဲဦးထွက်ပြီး ၃ နှစ်အတွင်း ပျောက်ကွယ်သွားကြပြီး၊ အဖွဲ့တစ်ဖွဲ့၏ ပျမ်းမျှ သက်တမ်းမှာ ၄.၁၂ နှစ်သာ ရှိသည်။ ထို့အပြင် အဖွဲ့ပေါင်း ၁,၁၈၂ ဖွဲ့အနက် ၈ ဖွဲ့ (ဝ.၆၈ ရာခိုင်နှုန်း) သာ စုစုပေါင်း အယ်လ်ဘမ် ရောင်းအား ၁၀ သန်းကျော် ရရှိခဲ့ကြရာ K-pop စက်မှုဇုန်၏ အကျိုးအမြတ်များသည် အနည်းငယ်သော ထိပ်တန်း အဖွဲ့များထံ၌သာ စုပုံနေကြောင်း တွေ့ရသည်။အမျိုးသား အဆိုတော်အဖွဲ့ (Boy groups) များ၏ ပျမ်းမျှ သက်တမ်းမှာ ၅.၁၁ နှစ် ရှိပြီး အမျိုးသမီး အဆိုတော်အဖွဲ့ (Girl groups) များ၏ သက်တမ်းမှာ ၃.၁၃ နှစ်သာ ရှိရာ အမျိုးသားအဖွဲ့များ၏ သက်တမ်း ပိုမို ရှည်ကြာသည်ကို တွေ့ရသည်။ ပညာရှင်များက အေဂျင်စီအသေးများအတွက် ရင်းနှီးမြှုပ်နှံမှု ကူညီပေးရေးနှင့် ရေရှည် ပံ့ပိုးပေးနိုင်သည့် စနစ်များ တည်ဆောက်ရန် လိုအပ်ကြောင်း ထောက်ပြထားကြသည်။
တောင်ကိုရီးယားရှိ K-pop အဆိုတော် အဖွဲ့ပေါင်း ၁၀၀ တွင် ၄ ဖွဲ့အောက်သာ အယ်လ်ဘမ် အချပ်ရေ ၃ သိန်းကျော် ရောင်းချနိုင်နေ
Aug 16 • 6:46 AM
တောင်ကိုရီးယား
ပြည်တွင်းသတင်း
မျှဝေမည်
| 2 | 0 | 0 | 0 |


