back

မလေးရှား၊ စီဘူမြို့တွင် ရေပိုက်မိန်းဗား ချို့ယွင်းမှုကြောင့် လူဦးရေ ၁၅,၀၀၀ ခန့် ရေရရှိရေး ကြန့်ကြာမှုနှင့် ရင်ဆိုင်နေရ

Aug 16 • 6:43 AM

breaking-news

မလေးရှား

ပြည်တွင်း

cover

မလေးရှား၊ စီဘူမြို့တွင် ရေပိုက်မိန်းဗား ချို့ယွင်းမှုကြောင့် လူဦးရေ ၁၅,၀၀၀ ခန့် ရေရရှိရေး ကြန့်ကြာမှုနှင့် ရင်ဆိုင်နေရ

မလေးရှားနိုင်ငံ ဆာရာဝက်ပြည်နယ်၊ စီဘူမြို့ (Sibu) ရှိ ပင်မရေပိုက်လိုင်း ပြင်ဆင်မှုများ ပြီးစီးခဲ့သော်လည်း ရေပေးဝေရေး စက်ရုံရှိ ဗား (Valve) ချို့ယွင်းမှုကြောင့် ရ...

မလေးရှားနိုင်ငံ ဆာရာဝက်ပြည်နယ်၊ စီဘူမြို့ (Sibu) ရှိ ပင်မရေပိုက်လိုင်း ပြင်ဆင်မှုများ ပြီးစီးခဲ့သော်လည်း ရေပေးဝေရေး စက်ရုံရှိ ဗား (Valve) ချို့ယွင်းမှုကြောင့် ရေသုံးစွဲသူ ၁၅,၀၀၀ ခန့် ရေပြတ်လပ်မှုနှင့် ရေအားနည်းမှုများကို ဆက်လက် ကြုံတွေ့နေရကြောင်း သိရသည်။Sarawak Water Sdn Bhd ၏ ထုတ်ပြန်ချက်အရ Lorong Kiew Nang 1 အနီးရှိ မီလီမီတာ ၁,၀၀၀ အကျယ်ရှိ ပင်မ ရေပိုက်လိုင်း ပြင်ဆင်မှုကို သောကြာနေ့ နံနက်ပိုင်းတွင် ပြီးစီးခဲ့သော်လည်း၊ Salim ရေဖြန့်ဝေရေး စက်ရုံရှိ မီလီမီတာ ၆၀၀ အကျယ်ရှိ ဗားတစ်ခု ယမန်နေ့က ထပ်မံ ချို့ယွင်းသွားခဲ့ခြင်း ဖြစ်သည်။ ယင်းကြောင့် ရေဖြန့်ဝေမှု ပြန်လည်စတင်ရန် ကြန့်ကြာသွားခဲ့ပြီး Sibu Jaya၊ စီဘူ လေဆိပ်နှင့် ပတ်ဝန်းကျင် ရပ်ကွက်အများအပြားတွင် ရေပြတ်လပ်မှုများ ဆက်လက် ဖြစ်ပေါ်နေရသည်။သက်ဆိုင်ရာ တာဝန်ရှိသူများက အဆိုပါ ဗားကို ပြန်လည်း ပြင်ဆင်လျက်ရှိပြီး ရေပြတ်လပ်နေသော နေရာများသို့ ရေသည်ကားများဖြင့် ယာယီ လိုက်လံဖြန့်ဝေ ပေးနေသည်။ ပြင်ဆင်မှုများ ပြီးစီးပါက အိမ်ခြေများသို့ ရေတဖြည်းဖြည်း ပြန်လည်ရောက်ရှိမည်ဖြစ်ကာ ရေနောက်ကျန်ခဲ့ပါက ကြည်လင်သည်အထိ ခဏဖွင့်ထုတ်ပြီးမှ အသုံးပြုကြရန်လည်း မေတ္တာရပ်ခံထားသည်။

news-view-count-icon

14