back

ဂျပန်၌ စားသောက်ကုန်များအပေါ် သုံးစွဲခွန် လျှော့ချမည့် အစိုးရ၏ စီမံချက်အပေါ် ပြည်သူ ထက်ဝက်နီးပါး ထောက်ခံနေ

Aug 16 • 4:32 AM

breaking-news

ဂျပန်

ပြည်တွင်းသတင်း

cover

ဂျပန်၌ စားသောက်ကုန်များအပေါ် သုံးစွဲခွန် လျှော့ချမည့် အစိုးရ၏ စီမံချက်အပေါ် ပြည်သူ ထက်ဝက်နီးပါး ထောက်ခံနေ

ဂျပန်နိုင်ငံတွင် စားသောက်ကုန်များအပေါ် ကောက်ခံနေသည့် သုံးစွဲခွန် (Consumption Tax) ကို လျှော့ချပေးမည့် အစိုးရ၏ စီမံချက်အပေါ် ပြည်သူ ထက်ဝက်နီးပါးက ထောက်ခံကြကြောင...

ဂျပန်နိုင်ငံတွင် စားသောက်ကုန်များအပေါ် ကောက်ခံနေသည့် သုံးစွဲခွန် (Consumption Tax) ကို လျှော့ချပေးမည့် အစိုးရ၏ စီမံချက်အပေါ် ပြည်သူ ထက်ဝက်နီးပါးက ထောက်ခံကြကြောင်း Jiji Press က ပြုလုပ်ခဲ့သည့် နောက်ဆုံးစလေ့လာဆန်းစစ်ချက် စာရင်းများအရ သိရသည်။ဆန်းစစ်ချက်တွင် ပါဝင်ဖြေဆိုသူများ၏ ၄၉.၁ ရာခိုင်နှုန်းက စားသောက်ကုန်များ၏ သုံးစွဲခွန်ကို သုဉ်းနီးပါးအထိ လျှော့ချပေးမည့် အစိုးရ၏ အစီအစဉ်ကို ထောက်ခံခဲ့ကြပြီး၊ ၃၁.၆ ရာခိုင်နှုန်းက ကန့်ကွက်ခဲ့ကြသည်။ အစိုးရသည် စားသောက်ကုန်များအပေါ် ကောက်ခံသည့် သုံးစွဲခွန်နှုန်းထားကို ၂၀၂၇ ခုနှစ် ဧပြီလမှစ၍ ၂ နှစ်ကြာ ၁ ရာခိုင်နှုန်းအထိ လျှော့ချပေးရန် စီမံချက် ရေးဆွဲထားခြင်းဖြစ်သည်။အတိုက်အခံ ပြည်သူ့ဒီမိုကရက်တစ်ပါတီ (DPP) က အဆိုပါ စီမံချက်အပေါ် သဘောထား တင်းမာလျက်ရှိသော်လည်း၊ ယင်းပါတီကို ထောက်ခံသူ ပြည်သူများ၏ ထက်ဝက်ကျော်ကမူ သုံးစွဲခွန် လျှော့ချပေးမည့် အစီအစဉ်ကို ထောက်ခံကြောင်း မဲပေးခဲ့ကြသဖြင့် ကုန်ဈေးနှုန်း မြင့်တက်မှုဒဏ် ခံနေရသည့် ပြည်သူများအကြား ရေပန်းစားနေကြောင်း တွေ့ရသည်။

news-view-count-icon

13