back

ဂျပန်၌ ပတ်စ်ပို့လျှောက်ထားခ လျှော့ချလိုက်ပြီးနောက် ဇူလိုင်လအတွင်း ပတ်စ်ပို့လျှောက်ထားသူ ဦးရေ ၆၀ ရာခိုင်နှုန်းအထိ ထိသိသာသာ မြင့်တက်လာ

Aug 16 • 4:31 AM

breaking-news

ဂျပန်

ပြည်တွင်းသတင်း

cover

ဂျပန်၌ ပတ်စ်ပို့လျှောက်ထားခ လျှော့ချလိုက်ပြီးနောက် ဇူလိုင်လအတွင်း ပတ်စ်ပို့လျှောက်ထားသူ ဦးရေ ၆၀ ရာခိုင်နှုန်းအထိ ထိသိသာသာ မြင့်တက်လာ

ဂျပန်နိုင်ငံတွင် ၂၀၂၆ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှစ၍ ပတ်စ်ပို့ (နိုင်ငံကူးလက်မှတ်) လျှောက်ထားခများကို လျှော့ချပေးခဲ့ပြီးနောက် ဇူလိုင်လတစ်လအတွင်း ပတ်စ်ပို့ လျှောက်...

ဂျပန်နိုင်ငံတွင် ၂၀၂၆ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှစ၍ ပတ်စ်ပို့ (နိုင်ငံကူးလက်မှတ်) လျှောက်ထားခများကို လျှော့ချပေးခဲ့ပြီးနောက် ဇူလိုင်လတစ်လအတွင်း ပတ်စ်ပို့ လျှောက်ထားသူ ဦးရေသည် ယခင်နှစ် ကာလတူထက် ၁.၆ ဆ (၆၀ ရာခိုင်နှုန်းခန့်) အထိ မြင့်တက်လာကာ လျှောက်လွှာပေါင်း ၅၃၀,၀၀၀ ခန့်အထိ ရှိခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ပတ်စ်ပို့ဥပဒေ ပြင်ဆင်ချက်အရ ဇူလိုင်လ ၁ ရက်နေ့မှစ၍ အသက် ၁၈ နှစ်နှင့်အထက် ဂျပန်နိုင်ငံသားများအတွက် ၁၀ နှစ်သက်တမ်းရှိ ပတ်စ်ပို့ကို အွန်လိုင်းမှ လျှောက်ထားပါက ယခင် ၁၅,၉၀၀ ယန်းမှ ၈,၉၀၀ ယန်းသို့ လျှော့ချပေးခဲ့ပြီး ကလေးငယ်များအတွက် ၅ နှစ်သက်တမ်းရှိ ပတ်စ်ပို့ လျှောက်ထားခကိုလည်း ၄,၄၀၀ ယန်းသို့ လျှော့ချပေးခဲ့ခြင်းဖြစ်သည်။ ဇူလိုင်လ၏ ပထမ ၃ ရက်အတွင်းမှာပင် လျှောက်လွှာအရေအတွက်သည် ယခင်နှစ်ထက် ၃.၃ ဆအထိ ခုန်တက်သွားခဲ့သည်။လျှောက်လွှာ အရေအတွက် ရုတ်တရက် အများအပြား တိုးတက်လာခဲ့သော်လည်း ပတ်စ်ပို့ ထုတ်ပေးရေး လုပ်ငန်းစဉ်များကို နိုင်ငံခြားရေးဝန်ကြီးဌာနက စနစ်တကျ စီမံဆောင်ရွက်လျက်ရှိရာ မူလက ကြန့်ကြာနိုင်မည်ဟု ခန့်မှန်းထားသည့် ၁ လကြာ အချိန်ထက် စောစီးစွာ (၃ ပတ်ခန့်အတွင်း) ပတ်စ်ပို့များ ထုတ်ပေးနိုင်မည်ဟု မျှော်လင့်ရသည်။

news-view-count-icon

12