back

စင်ကာပူ လေကြောင်းလိုင်း၏ Air India တွင် ရင်းနှီးမြှုပ်နှံမှု အခက်အခဲများကြောင့် စင်ကာပူဒေါ်လာ ၉၄၅ သန်းအထိ ဆုံးရှုံးမှုနှင့် ရင်ဆိုင်ရ

Aug 16 • 3:43 AM

breaking-news

စင်ကာပူ

ပြည်တွင်းသတင်း

cover

စင်ကာပူ လေကြောင်းလိုင်း၏ Air India တွင် ရင်းနှီးမြှုပ်နှံမှု အခက်အခဲများကြောင့် စင်ကာပူဒေါ်လာ ၉၄၅ သန်းအထိ ဆုံးရှုံးမှုနှင့် ရင်ဆိုင်ရ

စင်ကာပူ လေကြောင်းလိုင်း (SIA) သည် အိန္ဒိယနိုင်ငံ၏ Air India လေကြောင်းလိုင်းတွင် ရှယ်ယာ ၂၅ ရာခိုင်နှုန်း ဝယ်ယူ ရင်းနှီးမြှုပ်နှံခဲ့ပြီးနောက် ၂၀၂၅ ခုနှစ် မတ်လမှ ၂...

စင်ကာပူ လေကြောင်းလိုင်း (SIA) သည် အိန္ဒိယနိုင်ငံ၏ Air India လေကြောင်းလိုင်းတွင် ရှယ်ယာ ၂၅ ရာခိုင်နှုန်း ဝယ်ယူ ရင်းနှီးမြှုပ်နှံခဲ့ပြီးနောက် ၂၀၂၅ ခုနှစ် မတ်လမှ ၂၀၂၆ ခုနှစ် မတ်လအထိ ၁ နှစ်တာ ကာလအတွင်း စင်ကာပူဒေါ်လာ ၉၄၅ သန်း (မလေးရှားရင်းဂစ် ၃.၀၂ ဘီလီယံ) ခန့် အရှုံးပေါ်ခဲ့ကြောင်း သိရသည်။SIA သည် အိန္ဒိယ၏ Tata Sons ကုမ္ပဏီနှင့် ပူးပေါင်း၍ ၂၀၂၄ ခုနှစ် နိုဝင်ဘာလတွင် ရင်းနှီးမြှုပ်နှံမှု စတင်ခဲ့သော်လည်း၊ ယင်းနောက်ပိုင်း လေယာဉ် မတော်တဆ ပျက်ကျမှု ဖြစ်ပွားခြင်း၊ ပါကစ္စတန်က လေကြောင်းပိုင်နက် ပိတ်ပင်ခဲ့သဖြင့် ပျံသန်းရေး လမ်းကြောင်းများ ပြောင်းလဲခဲ့ရခြင်းနှင့် လေယာဉ်စက်သုံးဆီ ဈေးနှုန်းများ မြင့်တက်လာခြင်း စသည့် အခက်အခဲပေါင်းစုံနှင့် ဆက်တိုက် ရင်ဆိုင်ခဲ့ရခြင်းဖြစ်သည်။အဆိုပါ အခက်အခဲများ ရှိနေသော်လည်း Air India လေကြောင်းလိုင်းကို ခေတ်မီ တိုးတက်အောင် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို Tata Sons နှင့်အတူ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အိန္ဒိယ စျေးကွက်၏ ရေရှည် တိုးတက်မှု အလားအလာကို အပြည့်အဝ ယုံကြည်ထားဆဲဖြစ်ကြောင်း စင်ကာပူ လေကြောင်းလိုင်းဘက်က ပြောကြားခဲ့သည်။

news-view-count-icon

13