back

ထိုင်းနိုင်ငံ၊ ဆူရတ်ဌာနီ၌ ကျောင်းနေ့လယ်စာ အစီအစဉ်များ ရှောင်တခင် စစ်ဆေးရာ သောက်ရေ မလုံလောက်မှုနှင့် မူမမှန်မှုများ တွေ့ရှိ

Aug 16 • 1:59 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံ၊ ဆူရတ်ဌာနီ၌ ကျောင်းနေ့လယ်စာ အစီအစဉ်များ ရှောင်တခင် စစ်ဆေးရာ သောက်ရေ မလုံလောက်မှုနှင့် မူမမှန်မှုများ တွေ့ရှိ

ထိုင်းနိုင်ငံ၊ ဆူရတ်ဌာနီပြည်နယ်ရှိ အမျိုးသား အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် (NACC) သည် ဩဂုတ် ၁၅ ရက်၌ ကျောင်း ၅ ကျောင်း၏ ကျောင်းသား နေ့လယ်စာ အစီအစဉ်များက...

ထိုင်းနိုင်ငံ၊ ဆူရတ်ဌာနီပြည်နယ်ရှိ အမျိုးသား အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် (NACC) သည် ဩဂုတ် ၁၅ ရက်၌ ကျောင်း ၅ ကျောင်း၏ ကျောင်းသား နေ့လယ်စာ အစီအစဉ်များကို ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ရာ မူမမှန်မှုများစွာ တွေ့ရှိခဲ့ကြောင်း သိရသည်။ကြိုတင် အကြောင်းကြားထားသည့် ကျောင်းများနှင့် ရှောင်တခင် ဝင်ရောက်စစ်ဆေးသည့် ကျောင်းများအကြား အစားအသောက် အရည်အသွေးနှင့် ပမာဏ ကွာခြားမှုများ ရှိနေသည့်အပြင် စာရင်းဇယား မပြည့်စုံခြင်း၊ ပိုလျှံငွေများ ပြန်မအမ်းခြင်းနှင့် ကျောင်းပိတ်ရက်များ၌ နေ့လယ်စာ ရန်ပုံငွေဖြင့် အခြားပစ္စည်းများ ဝယ်ယူထားခြင်းများကိုပါ တွေ့ရှိခဲ့ရသည်။ ထို့ပြင် ကလေးများ အစာစားပြီးချိန်၌ သောက်ရေ မလုံလောက်သည့် တိုင်ကြားချက်များလည်း ရှိနေသဖြင့် ကျန်းမာရေးအတွက် စိုးရိမ်စရာ ဖြစ်ပေါ်လျက်ရှိသည်။NACC အနေဖြင့် ယင်းဖြစ်စဉ်တွင် အောက်ခြေ ဆရာ/ဆရာမများကို အပြစ်မတင်ဘဲ ညွှန်ကြားစေခိုင်းသည့် အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူများကိုသာ အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။ အဆိုပါ စစ်ဆေးမှုသည် အဂတိလိုက်စားမှု တားဆီးရန်နှင့် ကျောင်းသားများ အာဟာရပြည့်ဝသော အစားအစာများ အမှန်တကယ် ရရှိစေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်သည်။

news-view-count-icon

13