ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ဘန်ကပီဒေသရှိ ပအိုဝ်းလူမျိုးများ သွားလာလေ့ရှိသည့် ဘားတစ်ခုကို ဩဂုတ်လ ၁၄ ရက် ညပိုင်းတွင် ထိုင်းရဲတပ်ဖွဲ့က ရုတ်တရက် ဝင်ရောက်စစ်ဆေးခဲ့ရာ အထောက်အထား မပြနိုင်သည့် မြန်မာနိုင်ငံသား အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦး စုစုပေါင်း ၃ ဦး ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။ လက်ရှိတွင် ဖမ်းဆီးခံရသူများ၏ အခြေအနေနှင့် အရေးယူထားသည့် ဥပဒေပုဒ်မများကို မသိရသေးဘဲ ယခုရက်ပိုင်းအတွင်း ဘန်ကောက်၌ မြန်မာများဖွင့်လှစ်ထားသော ဆိုင်များကို ထိုင်းရဲများ ဆက်တိုက်ဝင်ရောက်စစ်ဆေးနေသဖြင့် ယာယီပိတ်ထားရမှုများ ရှိနေသည့်အတွက် ရွှေ့ပြောင်းလုပ်သားများအနေဖြင့် သွားလာရာတွင် အထောက်အထား စာရွက်စာတမ်းများ ပြည့်စုံစွာ ဆောင်ထားကြရန် နှိုးဆော်ထားကြသည်။
Aug 15 • 12:44 PM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 15 | 0 | 0 | 0 |


