ကိုရီးယားလွတ်မြောက်ရေး
နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်ထံ ပေးပို့သည့် သတင်းစကားတွင် ရုရှားနှင့် မြောက်ကိုရီးယားတို့သည် နယ်ပယ်အသီးသီး၌ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ဒေသတွင်းလုံခြုံရေးနှင့် တည်ငြိမ်ရေးဆိုင်ရာ လုပ်ငန်းစဉ်များကိုလည်း ညှိနှိုင်းဆောင်ရွက်နေကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောကြားခဲ့သည်ဟု KCNA သတင်းဌာနက ဖော်ပြခဲ့သည်။ ထို့အပြင် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် နိုင်ငံတကာရေးရာ ကိစ္စရပ်များတွင် အပြုသဘောဆောင်သည့် ပူးတွဲဆောင်ရွက်မှုများကို ဆက်လက် တိုးမြှင့်လုပ်ဆောင်သွားနိုင်မည်ဟု ယုံကြည်ကြောင်းလည်း သမ္မတပူတင်က ပြောကြားခဲ့သည်။


