Go-Ahead Singapore ဘတ်စ်ကားကုမ္ပဏီမှ ဘတ်စ်ကားယာဉ်မောင်း Er Soon Beng သည် ဩဂုတ်လ ၁၂ ရက် ညနေပိုင်းက လိုင်းအမှတ် (၇၂) ပြေးဆွဲစဉ် ငွေသား စင်ကာပူဒေါ်လာ ၁,၂၀၀၊ ဘဏ်ကတ်များနှင့် ID ကတ်ပြားများ ပါဝင်သည့် ပိုက်ဆံအိတ်တစ်လုံးကို ကောက်ရရှိခဲ့ကြောင်း သိရသည်။ ယာဉ်မောင်းဖြစ်သူသည် ပျောက်ဆုံးပစ္စည်း လုပ်ထုံးလုပ်နည်းအတိုင်း ကုမ္ပဏီ၏ ခရီးသည်ဝန်ဆောင်မှုရုံးသို့ ချက်ချင်း သွားရောက်အပ်နှံခဲ့သဖြင့် ပိုင်ရှင်ဖြစ်သူထံသို့ ပစ္စည်းအစုံအလင် ပြန်လည်လွှဲပြောင်းပေးနိုင်ခဲ့သည်။ ထို့ကြောင့် Go-Ahead Singapore မှ Senior Operations Manager ဖြစ်သူ Hock Chuan နှင့် Operations Director ဖြစ်သူ Kastriot တို့က ယာဉ်မောင်း Er Soon Beng ၏ ရိုးသားဖြောင့်မတ်မှုနှင့် တာဝန်သိတတ်မှုကို ကိုယ်တိုင်တွေ့ဆုံ၍ ကျေးဇူးတင်ဂုဏ်ပြုခဲ့ကြကြောင်း သိရသည်။
စင်ကာပူတွင် ခရီးသည်၏ ပျောက်ဆုံးပိုက်ဆံအိတ်ကို ပြန်လည်အပ်နှံပေးခဲ့သည့် ဘတ်စ်ကားယာဉ်မောင်းအား ချီးကျူးဂုဏ်ပြု
Aug 15 • 12:24 PM
စင်ကာပူ
ပြည်တွင်းသတင်း
မျှဝေမည်
| 14 | 0 | 0 | 0 |


