ထိုင်းနိုင်ငံဖူးခက်ရောက် မြန်မာမိဘပြည်သူ ညီအစ်ကို မောင်နှမများခင်ဗျာ ဩဂုတ်လ (၁၄) ရက် မွန်းလွဲပိုင်းတွင် ဖူးခက်၊ နိုင်းသွန်ကမ်းခြေ (Nai Thon Beach) ၌ လှိုင်းကြီး၍ အန္တရာယ်ရှိကြောင်း ပြသထားသည့် အနီရောင်သတိပေးအလံ (Red Flag) စိုက်ထူထားသော်လည်း နိုင်ငံခြားသား ခရီးသွားအချို့က မသိကျိုးကျွံပြုကာ ရေဆင်းကူးရာမှ အကြိမ်ကြိမ် ရေနစ်သည့် ဖြစ်စဉ်များ ဖြစ်ပွါးခဲ့ပါတယ်။နိုင်းသွန်ကမ်းခြေတွင် ရေနစ်နေသည့် နိုင်ငံခြားသား ခရီးသွားတစ်ဦးအား ရေကယ်အဖွဲ့ (Lifeguards) က ပထမအကြိမ် သွားရောက်ကယ်ထုတ်ပေးခဲ့သော်လည်း အဆိုပါ ခရီးသွားမှာ ကုန်းပေါ်ရောက်ပြီးနောက် လှိုင်းလေထန်နေသည့် ပင်လယ်အတွင်းသို့ ထပ်မံပြေးဆင်းကူးရာမှ ဒုတိယအကြိမ် ရေနစ်ပြန်သဖြင့် ရေကယ်အဖွဲ့က ထပ်မံဆွဲထုတ် ကူညီခဲ့ရပါတယ်။ကမ်းခြေသွားရောက်သူများ အထူးသတိပြုရန်
ယခုကာလသည် မုတ်သုံရာသီဖြစ်၍ ပင်လယ်လှိုင်းကြီးခြင်း၊ ရေစီးသန်ခြင်းများ ရှိနေပါသဖြင့် မိမိတို့ မြန်မာလုပ်သားများနှင့် ကမ်းခြေသို့ အပန်းဖြေသွားရောက်ကြသူများအနေဖြင့်
အနီရောင်အလံ (Red Flag) 🚩 စိုက်ထူထားသည့် နေရာများတွင် သေချာပေါက် ရေဆင်းမကူးကြပါရန်၊ရေကယ်အဖွဲ့ (Lifeguards) များ၏ သတိပေး နှိုးဆော်ချက်များကို အထူးလိုက်နာကြပါရန် အသိပေး နှိုးဆော်အပ်ပါတယ်။



