back

စံချိန်တင် မိုးရွာသွန်းမှုကြောင့် ဂျပန်တွင် လူ ၄ ဦး သေဆုံးပြီး ခရီးသည် ထောင်ပေါင်းများစွာ သောင်တင်နေ

Aug 14 • 12:42 PM

breaking-news

ဂျပန်

ပြည်တွင်းသတင်း

cover

စံချိန်တင် မိုးရွာသွန်းမှုကြောင့် ဂျပန်တွင် လူ ၄ ဦး သေဆုံးပြီး ခရီးသည် ထောင်ပေါင်းများစွာ သောင်တင်နေ

ဂျပန်နိုင်ငံတွင် စံချိန်တင် မိုးရွာသွန်းမှုများကြောင့် အနည်းဆုံး လူ ၄ ဦး သေဆုံးခဲ့ပြီး နာရီတာလေဆိပ်၌ ခရီးသည် ၇,၀၀၀ ခန့် သောင်တင်နေကြောင်း NHK သတင်းကို ကိုးကား၍ ...

ဂျပန်နိုင်ငံတွင် စံချိန်တင် မိုးရွာသွန်းမှုများကြောင့် အနည်းဆုံး လူ ၄ ဦး သေဆုံးခဲ့ပြီး နာရီတာလေဆိပ်၌ ခရီးသည် ၇,၀၀၀ ခန့် သောင်တင်နေကြောင်း NHK သတင်းကို ကိုးကား၍ သောကြာနေ့တွင် ဖော်ပြခဲ့သည်။ မြို့တော်တိုကျိုနှင့် ထိစပ်နေသော ဂျီဘာ (Chiba) ခရိုင်တွင် ၂၄ နာရီအတွင်း မိုးရေချိန် မီလီမီတာ ၃၆၀ ကျော် ရွာသွန်းခဲ့သဖြင့် ကားလမ်းများနှင့် ရထားလမ်းများ ရေနစ်မြုပ်ကာ သယ်ယူပို့ဆောင်ရေးနှင့် လျှပ်စစ်မီးများ ပြတ်တောက်ခဲ့သည်။ ထို့အပြင် တိုကျိုမြို့အနီး ပတ်ဝန်းကျင်ဒေသများတွင်လည်း ရေကြီးရေလျှံမှုများဖြစ်ပွားကာ သယ်ယူပို့ဆောင်ရေး ပြတ်တောက်ခြင်းနှင့် နေအိမ်များ မီးဘေးဒုက္ခကြုံတွေ့ခဲ့ရကြောင်း သိရသည်။

news-view-count-icon

11