အဘူဒါဘီ အမျိုးသားရေနံကုမ္ပဏီ (ADNOC) ပိုင်ဆိုင်သည့် သင်္ဘောနှစ်စင်းသည် ဟော်မုဇ်ရေလက်ကြားအား ဖြတ်သန်းစဉ် ဩဂုတ်လ ၁၃ ရက်နေ့ ညနေပိုင်းက တိုက်ခိုက်ခံခဲ့ရသော်လည်း ထိခိုက်ဒဏ်ရာရသူ မရှိဘဲ အခြေအနေကို ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း ယူအေအီး သတင်းအေဂျင်စီ WAM က ဖော်ပြခဲ့သည်။ ယင်းတိုက်ခိုက်မှုသည် အီရန်၏ လက်ချက်ဖြစ်ကြောင်း ယူအေအီး နိုင်ငံခြားရေးဝန်ကြီးဌာနက စွပ်စွဲထားပြီး၊ အီရန်အစိုးရအနေဖြင့် ရန်လိုသည့် လုပ်ရပ်များကို ရပ်တန်းကရပ်ရန်နှင့် ဟော်မုဇ်ရေလက်ကြားကို ခြွင်းချက်မရှိ အပြည့်အဝ ပြန်လည်ဖွင့်ပေးရန် တောင်းဆိုထားကြောင်း သိရသည်။
| 23 | 0 | 0 | 0 |


