back

အင်းစိန်မြို့နယ်တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှော လူနာများအတွက် သီးသန့်လူနာတင်ယာဉ် စီစဉ်ထားပြီး ၂၄ နာရီ အကူအညီတောင်းခံနိုင်

Aug 14 • 12:22 PM

breaking-news

မြန်မာ

ရန်ကုန်

cover

အင်းစိန်မြို့နယ်တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှော လူနာများအတွက် သီးသန့်လူနာတင်ယာဉ် စီစဉ်ထားပြီး ၂၄ နာရီ အကူအညီတောင်းခံနိုင်

ရန်ကုန်မြို့အတွင်း လတ်တလော ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားလျက်ရှိသဖြင့် အင်းစိန်မြို့နယ်အတွင်း ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် ကျန်းမာရေး အသိပညာပေးလုပ်ငန်...

ရန်ကုန်မြို့အတွင်း လတ်တလော ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားလျက်ရှိသဖြင့် အင်းစိန်မြို့နယ်အတွင်း ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် ကျန်းမာရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း အင်းစိန်မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ထံမှ ဩဂုတ်လ ၁၄ ရက်တွင် သိရသည်။ ထို့ပြင် ပြည်သူများ နေအိမ်များ၌ ရောဂါလက္ခဏာ ဖြစ်ပေါ်လာပါက အချိန်မီ ဆေးကုသမှု ခံယူနိုင်စေရန်အတွက် ပြင်းထန်ဝမ်းပျက်ဝမ်းလျှော လူနာများ ပို့ဆောင်ပေးမည့် သီးသန့်လူနာတင်ယာဉ် စီစဉ်ပေးထားသည်။ အရေးပေါ် လူနာတင်ယာဉ် အကူအညီ လိုအပ်ပါက ဖုန်း - ⁠09 970 025 002⁠ သို့ ၂၄ နာရီပတ်လုံး ဆက်သွယ် အကူအညီတောင်းခံနိုင်ကြောင်း အင်းစိန်မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့က အသိပေး ထုတ်ပြန်ထားသည်။

news-view-count-icon

16