တောင်ကိုရီးယားနိုင်ငံ၏ မော်တော်ယာဉ် တင်ပို့မှုသည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ယာဉ်များ (Eco-friendly vehicles) ဝယ်လိုအား မြင့်တက်လာမှုကြောင့် ဇူလိုင်လအတွင်း ယခင်နှစ် ကာလတူထက် ၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး စံချိန်တင် အမြင့်ဆုံး ပမာဏသို့ ရောက်ရှိခဲ့ကြောင်း ကုန်သွယ်ရေး၊ စက်မှုနှင့် စွမ်းအင်ဝန်ကြီးဌာန၏ ကိန်းဂဏန်းများအရ သိရသည်။လွန်ခဲ့သည့် လအတွင်း စုစုပေါင်း မော်တော်ယာဉ် တင်ပို့မှု တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၆.၂၄ ဘီလီယံအထိ ရှိခဲ့ပြီး ဇူလိုင်လများထဲတွင် စံချိန်သစ် တင်ခဲ့ခြင်းဖြစ်သည်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ယာဉ်များ တင်ပို့မှုသည် ယခင်နှစ်ထက် ၂၅.၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ဒေါ်လာ ၂.၅၉ ဘီလီယံအထိ ရှိခဲ့သည်။ မြောက်အမေရိကနှင့် ဥရောပသမဂ္ဂ (EU) သို့ တင်ပို့မှုများမှာလည်း အသီးသီး ၁၈ ရာခိုင်နှုန်းနှင့် ၂၃.၅ ရာခိုင်နှုန်းစီ မြင့်တက်ခဲ့သည်။ပြည်တွင်း ဈေးကွက်တွင်လည်း မော်တော်ယာဉ် စီးရေ ၁၃၉,၀၀၀ ရောင်းချခဲ့ရပြီး ၀.၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ရာ ရောင်းချရသည့် ယာဉ် ၁၀ စီးလျှင် ၆ စီးမှာ လျှပ်စစ်ကားနှင့် ဟိုက်ဘရစ်စသည့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ယာဉ်များ ဖြစ်ကြသည်။ ပြည်တွင်း မော်တော်ယာဉ် ထုတ်လုပ်မှု ပမာဏသည်လည်း ၁၁.၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး စုစုပေါင်း စီးရေ ၃၅၂,၀၀၀ အထိ ရှိခဲ့ကြောင်း သိရသည်။
တောင်ကိုရီးယား၏ မော်တော်ယာဉ် တင်ပို့မှု ဇူလိုင်လအတွင်း ၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး စံချိန်သစ်တင်ခဲ့
Aug 14 • 6:36 AM
တောင်ကိုရီးယား
ပြည်တွင်းသတင်း
မျှဝေမည်
| 9 | 0 | 0 | 0 |


