back

ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့ကြား ကုန်သွယ်ရေး ပြန်လည် အသက်ဝင်လာ

Aug 14 • 6:34 AM

breaking-news

ကမ္ဘောဒီးယား

ပြည်တွင်းသတင်း

cover

ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့ကြား ကုန်သွယ်ရေး ပြန်လည် အသက်ဝင်လာ

ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့ကြား နယ်စပ်ဂိတ်များ ပိတ်ထားခဲ့သည်မှာ ကာလအတန်ကြာခဲ့ပြီဖြစ်သော်လည်း ယခုအခါ ကုန်သွယ်မှုများ တဖြည်းဖြည်း ပြန်လည်တည်ငြိမ် လှုပ်ရှာ...

ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့ကြား နယ်စပ်ဂိတ်များ ပိတ်ထားခဲ့သည်မှာ ကာလအတန်ကြာခဲ့ပြီဖြစ်သော်လည်း ယခုအခါ ကုန်သွယ်မှုများ တဖြည်းဖြည်း ပြန်လည်တည်ငြိမ် လှုပ်ရှားလာကြောင်း ကမ္ဘောဒီးယား အကောက်ခွန်ဌာန၏ ၂၀၂၆ ခုနှစ် ပထမ ၇ လပတ် ကိန်းဂဏန်းများအရ သိရသည်။၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအထိ နှစ်နိုင်ငံ စုစုပေါင်း ကုန်သွယ်မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁.၆၁ ဘီလီယံ ရှိခဲ့ပြီး၊ ယခင်နှစ် ကာလတူထက် လျှော့ကျနေသေးသော်လည်း ကျဆင်းမှုနှုန်းမှာ ဇန်နဝါရီလတွင် ၄၃.၅ ရာခိုင်နှုန်း ရှိခဲ့ရာမှ ဇူလိုင်လတွင် ၃၂.၇ ရာခိုင်နှုန်းသို့ လျှော့နည်းသွားခဲ့သည်။ နယ်စပ် ကုန်းလမ်းဂိတ်များ ပိတ်ထားသဖြင့် ကုမ္ပဏီများက ပင်လယ်ရေကြောင်း သယ်ယူပို့ဆောင်ရေး စနစ်သို့ ပြောင်းလဲအသုံးပြုလာခြင်း၊ ကမ္ဘောဒီးယားဘက်မှ ထိုင်းစိုက်ပျိုးရေးနှင့် ဆောက်လုပ်ရေး ပစ္စည်းများအပေါ် မှီခိုနေရဆဲ ဖြစ်ခြင်းတို့ကြောင့် ကုန်သွယ်မှု ပြန်လည် တိုးတက်လာခြင်းဖြစ်သည်။

သို့သော်လည်း စက်သုံးဆီ၊ ဓာတ်ငွေ့၊ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် အပါအဝင် အဓိက ကုန်ပစ္စည်းအချို့ကို ကမ္ဘောဒီးယား အစိုးရက တင်သွင်းမှု ကန့်သတ်ထားဆဲဖြစ်သည့်အတွက် ပုံမှန် ပမာဏအတိုင်း ပြန်လည်ရောက်ရှိရန်တော့ အချိန်ယူရဦးမည်ဖြစ်ကြောင်း စီးပွားရေး လေ့လာသုံးသပ်သူများက ပြောကြားထားသည်။

news-view-count-icon

11