ဂျပန်နိုင်ငံ၊ ကူမာမိုတို စီရင်စု (Kumamoto Prefecture) တွင် ပြီးခဲ့သည့်လကုန်ပိုင်းက လှုပ်ခတ်ခဲ့သည့် ငလျင်ကြီးကြောင့် အဓိက နွေရာသီ ခရီးသွား ရာသီချိန်၌ ဒေသတွင်း ခရီးသွားလုပ်ငန်း ကဏ္ဍ အကြီးအကျယ် ထိခိုက်နစ်နာလျက်ရှိသည်။ကူမာမိုတို စီရင်စု အစိုးရ၏ တွက်ချက်ခန့်မှန်းချက်များအရ တည်းခိုခန်း အဆောက်အအုံများနှင့် စက်ပစ္စည်း ပျက်စီးမှု၊ ခရီးစဉ် ကြိုတင်ဘိုကင် စနစ်များ ဖျက်သိမ်းခံရမှုတို့ကြောင့် ခရီးသွားလုပ်ငန်းမှ အမေရိကန်ဒေါ်လာ ၃၇.၆ သန်းခန့် (ယန်း ၆ ဘီလီယံခန့်) ဆုံးရှုံးခဲ့ရသည်။ ဩဂုတ်လ ၆ ရက်နေ့အထိ စာရင်းများအရ တည်းခိုသူ ၁၄၆,၀၀၀ ခန့်က ဘိုကင်များကို ဖျက်သိမ်းခဲ့ကြပြီး ဖျက်သိမ်းမှု စာရင်း၏ ၆၀ ရာခိုင်နှုန်းခန့်မှာ ငလျင်ဒဏ် ထိခိုက်မှု နည်းပါးသည့် အာဆို (Aso) နှင့် အာမာကူဆာ (Amakusa) ဒေသများမှ ဖြစ်သည်။ကူမာမိုတို စီရင်စု အုပ်ချုပ်ရေးမှူး ကိမူရက စီရင်စုအတွင်း ငလျင်ဒဏ် မခံရသည့် ဒေသများစွာ ရှိနေသေးသည့်အတွက် သတင်းအမှားများနှင့် ကောလာဟလများကြောင့် စိုးရိမ်လွန်ကာ ခရီးစဉ်များ မဖျက်သိမ်းကြရန် မေတ္တာရပ်ခံထားသည်။ သို့သော် လာမည့် ဆောင်းဦးရာသီအထိ ဘိုကင်များ ဆက်တိုက် ဖျက်သိမ်းခံနေရသဖြင့် ဒေသခံ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ပိုင်ရှင်များအနေဖြင့် စီးပွားရေး ကုစားနိုင်ရေးအတွက် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။
ဂျပန်၌ ငလျင်ဒဏ်ကြောင့် ကူမာမိုတို စီရင်စု၏ ခရီးသွားလုပ်ငန်း နွေရာသီ အားလပ်ရက်ကာလအတွင်း အကြီးအကျယ် ထိခိုက်နစ်နာမှုများနှင့် ရင်ဆိုင်နေရ
Aug 14 • 4:24 AM
ဂျပန်
ပြည်တွင်းသတင်း
မျှဝေမည်
| 10 | 0 | 0 | 0 |


