မလေးရှားနိုင်ငံ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဌာန၏ လေထုထုညစ်ညမ်းမှု ညွှန်းကိန်း စနစ် (APIMS) ၏ ထုတ်ပြန်ချက်အရ မလေးရှားတစ်နိုင်ငံလုံးရှိ နေရာ ၁၁ ခုတွင် လေထုအရည်အသွေးသည် ကျန်းမာရေးအတွက် မကောင်းသည့် အဆင့် (Unhealthy level) သို့ ရောက်ရှိနေပြီး စာရာဝက်ပြည်နယ် (Sarawak) သည် ထိခိုက်မှု အဆိုးရွားဆုံး ဖြစ်နေသည်။ဩဂုတ်လ ၁၃ ရက် နံနက် ၉ နာရီအထိ စာရင်းများအရ စာရာဝက်ပြည်နယ်၏ ဆာမာရာဟန် (Samarahan) ဒေသတွင် လေထုထုညစ်ညမ်းမှု ညွှန်းကိန်း (API) ၁၈၃ အထိ မြင့်တက်ကာ တစ်နိုင်ငံလုံးတွင် အမြင့်ဆုံး ဖြစ်ခဲ့ပြီး ဆီရီယန် (Serian) ၌ ၁၈၂ နှင့် ကူချင်း (Kuching) ၌ ၁၇၆ အသီးသီး ရှိခဲ့သည်။ စာရာဝက်ပြည်နယ်ရှိ စာရီကေး၊ သရီအာမန်၊ မူးကားနှင့် ဆီဘူး ဒေသများအပါအဝင် စာရင်းဝင် ၇ နေရာလုံးတွင် လေထုအရည်အသွေး ဆိုးရွားလျက်ရှိသည်။ထို့အပြင် မလေးရှားကျွန်းဆွယ်ဘက်တွင်လည်း ဆလန်းဂေါပြည်နယ်ရှိ ဂျိုဟန်ဆီတီယာ (Johan Setia) ၌ ၁၅၄၊ ကွာလာလမ်ပူတွင် ၁၃၁၊ ပူထရာဂျာယာတွင် ၁၀၄ နှင့် ရှားအလမ်တွင် ၁၀၁ အသီးသီး ရှိခဲ့သည်။ အာဏာပိုင်များက သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များနှင့် အသက်ရှူလမ်းကြောင်း ဝေဒနာရှင်များကို အပြင်ထွက်ခြင်း လျှော့ချရန်နှင့် နှာခေါင်းစည်း သတိထား တပ်ဆင်ကြရန် နှိုးဆော်ထားသည်။
မလေးရှား တစ်နိုင်ငံလုံးရှိ နေရာ ၁၁ ခုတွင် လေထုအရည်အသွေး ကျန်းမာရေးအတွက် မကောင်းသည့် အဆင့်သို့ ရောက်ရှိလာ
Aug 14 • 3:38 AM
မလေးရှား
ပြည်တွင်း
မျှဝေမည်
| 9 | 0 | 0 | 0 |


