ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့ရှိ တန်းဆွန်းညက် အပြည်ပြည်ဆိုင်ရာ လေဆိပ် (Tan Son Nhat International Airport) ၏ လေကြောင်းကန့်သတ်ဧရိယာအတွင်းသို့ ဒရုန်း (UAV) ဝင်ရောက်ပျံသန်းမှု ဖြစ်ပွားခဲ့သဖြင့် လေယာဉ်အတက်အဆင်းများကို နှစ်ကြိမ်တိုင်တိုင် ခေတ္တရပ်ဆိုင်းခဲ့ရပြီး လေယာဉ်ခရီးစဉ် ၆၀ ခန့် ရွှေ့ဆိုင်း/လမ်းကြောင်းပြောင်းခဲ့ရသည်။အဆိုပါ ဖြစ်စဉ်သည် မနေ့ ညနေပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လေယာဉ်မှူးများက လေဆိပ်အနီးတွင် ဒရုန်းကို တွေ့ရှိခဲ့ကြောင်း သတင်းပို့ခဲ့သဖြင့် ညနေ ၆:၂၈ နာရီမှ ၇:၁၆ နာရီအထိ တစ်ကြိမ်၊ ည ၇:၄၀ နာရီမှ ၈:၃၄ နာရီအထိ တစ်ကြိမ် လေယာဉ် အတက်အဆင်းများကို ရပ်ဆိုင်းခဲ့ရသည်။ ဖြစ်စဉ်ကြောင့် လေယာဉ်ခရီးစဉ် ၂၃ စီးသည် အခြားလေဆိပ်များသို့ လမ်းကြောင်းပြောင်း ဆင်းသက်ခဲ့ရပြီး ၁၈ စီးမှာ လေထဲတွင် ဝဲပျံစောင့်ဆိုင်းခဲ့ရကာ ၃ စီးမှာ ဆီလျော့နည်းသွားသဖြင့် အရေးပေါ် ဦးစားပေးဆင်းသက်ခဲ့ရသည်။ယခုဖြစ်စဉ်သည် တန်းဆွန်းညက်လေဆိပ် သမိုင်းတွင် ပထမဆုံးအကြိမ် ခွင့်ပြုချက်မရှိဘဲ ဒရုန်းဝင်ရောက်မှု ဖြစ်ပြီး၊ ခရီးစဉ် ပမာဏ ၆၀ ကျော် ကြန့်ကြာသွားခဲ့သဖြင့် ခရီးသည် ၁၂,၀၀၀ ခန့် လေဆိပ်၌ တစ်ညလုံး ကြန့်ကြာစောင့်ဆိုင်းခဲ့ရကြောင်းနှင့် သက်ဆိုင်ရာ အာဏာပိုင်များက စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဗီယက်နမ်၌ ဒရုန်းဝင်ရောက်မှုကြောင့် တန်းဆွန်းညက် လေဆိပ်တွင် လေယာဉ်ခရီးစဉ် ၆၀နီးပါး ရပ်ဆိုင်းခဲ့ရကာ ခရီးသည်ပေါင်း ၁၂,၀၀၀ ခန့် တစ်ညလုံး စောင့်ဆိုင်းခဲ့ရ
Aug 14 • 3:08 AM
ဗီယက်နမ်
ပြည်တွင်းသတင်း
မျှဝေမည်
| 10 | 0 | 0 | 0 |


