လာအိုနိုင်ငံ၊ ခမ်မွန်ပြည်နယ် (Khammouane) အတွင်း ရက်ဆက် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြစ်ရေများ စံချိန်တင် အန္တရာယ်ရှိသည့် အဆင့်အထက်သို့ မြင့်တက်လာခဲ့ပြီး ဒေသခံ ပြည်သူ ၆၀,၀၀၀ ကျော် ရေဘေးအန္တရာယ်နှင့် ရင်ဆိုင်နေရသည်။မဲခေါင်မြစ် အပါအဝင် ဒေသတွင်း ပုံမှန် စီးဆင်းနေသည့် မြစ်ချောင်းများတွင် ရေလျှံမှုများ ဖြစ်ပွားခဲ့ရာ ကျေးရွာပေါင်းများစွာ၊ စိုက်ပျိုးမြေများနှင့် နေအိမ်များ ရေနစ်မြုပ်ခဲ့သည်။ ထို့အပြင် လမ်းပန်းဆက်သွယ်ရေး လမ်းကြောင်းအများအပြားလည်း ရေဘေးကြောင့် ပျက်စီးသွားခဲ့သဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခက်အခဲများနှင့် ရင်ဆိုင်နေရသည်။လာအို အမျိုးသား ရေလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းနိုင်ခြေ ရှိနေသေးသည့်အတွက် မြစ်ကမ်းဘေးနှင့် မြေနိမ့်ပိုင်းတွင် နေထိုင်ကြသည့် ပြည်သူများအနေဖြင့် ရေဘေးနှင့် မြေပြိုမှု အန္တရာယ်များကို သတိထားကြရန်နှင့် လိုအပ်ပါက ဘေးလွတ်ရာသို့ အမြန်ဆုံး ရွှေ့ပြောင်းနိုင်ရန် ပြင်ဆင်ထားကြရန် အရေးပေါ် သတိပေးထားသည်။
Aug 14 • 2:23 AM
လာအို
ပြည်တွင်းသတင်း
မျှဝေမည်
| 7 | 0 | 0 | 0 |


