back

ယူအေအီး၌ ဒီဇင်ဘာလမှစ၍ ကဖေး၊ ဟိုတယ်နှင့် စျေးဝယ်စင်တာများတွင် သီချင်းဖွင့်ပါက မူပိုင်ခွင့်ကြေး ကောက်ခံမည်ဖြစ်

Aug 13 • 7:05 AM

breaking-news

UAE

ပြည်တွင်းသတင်း

cover

ယူအေအီး၌ ဒီဇင်ဘာလမှစ၍ ကဖေး၊ ဟိုတယ်နှင့် စျေးဝယ်စင်တာများတွင် သီချင်းဖွင့်ပါက မူပိုင်ခွင့်ကြေး ကောက်ခံမည်ဖြစ်

ယူအေအီးနိုင်ငံ စီးပွားရေးဝန်ကြီးဌာနသည် လာမည့် ဒီဇင်ဘာလမှ စတင်၍ ကဖေးဆိုင်များ၊ ဟိုတယ်များ၊ စားသောက်ဆိုင်များနှင့် စျေးဝယ်စင်တာများတွင် သီချင်း သို့မဟုတ် ဂီတဖွင့်...

ယူအေအီးနိုင်ငံ စီးပွားရေးဝန်ကြီးဌာနသည် လာမည့် ဒီဇင်ဘာလမှ စတင်၍ ကဖေးဆိုင်များ၊ ဟိုတယ်များ၊ စားသောက်ဆိုင်များနှင့် စျေးဝယ်စင်တာများတွင် သီချင်း သို့မဟုတ် ဂီတဖွင့်လှစ်ပါက ဂီတမူပိုင်ခွင့်ကြေး (Music Licensing Fee) ကောက်ခံသွားမည်ဖြစ်ကြောင်း တရားဝင် ကြေညာလိုက်သည်။ယခု စီမံချက်သည် ဖန်တီးရှင်များ၏ မူပိုင်ခွင့်နှင့် အနုပညာကြေးများကို အကာအကွယ်ပေးရန် ရည်ရွယ်ခြင်းဖြစ်ပြီး "Emirates Reprographic Rights Management Association" (ERRA) က ဦးဆောင် အကောင်အထည်ဖော်မည်ဖြစ်သည်။ သီချင်းဖွင့်လှစ်သည့် စီးပွားရေးလုပ်ငန်းများအနေဖြင့် လုပ်ငန်းအမျိုးအစားနှင့် နေရာအကျယ်အဝန်းအပေါ် မူတည်၍ နှစ်စဉ် မူပိုင်ခွင့် လိုင်စင်ကြေး ပေးဆောင်ရမည်ဖြစ်သည်။မူပိုင်ခွင့် လိုင်စင် မယူဘဲ စီးပွားဖြစ် သီချင်းဖွင့်လှစ်သည့် လုပ်ငန်းများကို အာဏာပိုင်များက ဥပဒေအရ ဒဏ်ငွေရိုက်ခြင်းနှင့် အရေးယူခြင်းများ ပြုလုပ်သွားမည်ဖြစ်သည်။ ယခု အစီအစဉ်ကြောင့် တေးရေး၊ တေးဆိုများနှင့် ဂီတဖန်တီးသူများအတွက် ထိုက်တန်သည့် မူပိုင်ခွင့် အကျိုးအမြတ်များ စနစ်တကျ ရရှိလာမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

10