back

တောင်ကိုရီးယား၊ဂျေဂျူကျွန်းရှိ ပြည်သူများ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရသည့် ဂူဟောင်းနေရာအား အမျိုးသား အမွေအနှစ်အဖြစ် သတ်မှတ်

Aug 13 • 6:37 AM

breaking-news

တောင်ကိုရီးယား

ပြည်တွင်းသတင်း

cover

တောင်ကိုရီးယား၊ဂျေဂျူကျွန်းရှိ ပြည်သူများ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရသည့် ဂူဟောင်းနေရာအား အမျိုးသား အမွေအနှစ်အဖြစ် သတ်မှတ်

တောင်ကိုရီးယား အမျိုးသား အမွေအနှစ် ထိန်းသိမ်းရေး အဖွဲ့သည် ၁၉၄၈ ခုနှစ် ဂျေဂျူ ၄·၃ ဖြစ်စဉ်အတွင်း ရွာသားများ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရသည့် "ဒါရမ်ရှီ" (Daran...

တောင်ကိုရီးယား အမျိုးသား အမွေအနှစ် ထိန်းသိမ်းရေး အဖွဲ့သည် ၁၉၄၈ ခုနှစ် ဂျေဂျူ ၄·၃ ဖြစ်စဉ်အတွင်း ရွာသားများ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရသည့် "ဒါရမ်ရှီ" (Darangshi) ဂူဟောင်းနေရာအား အမျိုးသား မှတ်တမ်းဝင် ယဉ်ကျေးမှု အမွေအနှစ်အဖြစ် တရားဝင် သတ်မှတ် ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်လိုက်သည်။အဆိုပါ ဖြစ်စဉ်သည် ဂျပန် ဖက်ဆစ်များ၏ လက်ချက်မဟုတ်ဘဲ၊ ဒုတိယကမ္ဘာစစ်အပြီး တောင်ကိုရီးယားနိုင်ငံ စတင်ထူထောင်ချိန် ၁၉၄၈ ခုနှစ်တွင် တောင်ကိုရီးယား အစိုးရတပ်ဖွဲ့များနှင့် ရဲတပ်ဖွဲ့တို့က လက်ဝဲဝါဒီဟု စွပ်စွဲကာ နှိမ်နင်းရာမှ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဒါရမ်ရှီဂူအတွင်း ပုန်းအောင်းနေသည့် စစ်ဘေးရှောင် ရွာသားများကို အစိုးရတပ်များက ဂူဝမှ မီးရှို့ ပိတ်ဆို့ခဲ့သောကြောင့် အမျိုးသမီးများနှင့် ကလေးငယ်များ ပါဝင်သည့် ရွာသား ၁၁ ဦး စာခိုးမွှန်း၍ သေဆုံးခဲ့ရသည်။အဆိုပါ ဝမ်းနည်းဖွယ် ဖြစ်စဉ်သည် နှစ်ပေါင်း ၄၀ ကျော်တိုင်အောင် သမိုင်းမှောင်ဖုံးနေခဲ့ပြီး ၁၉၉၂ ခုနှစ်ရောက်မှသာ ရုပ်လောင်းများကို ပြန်လည် တူးဖော်တွေ့ရှိခဲ့ခြင်းဖြစ်သည်။ တောင်ကိုရီးယား အစိုးရသည် ယင်းကဲ့သို့သော သမိုင်းဝင် သင်ခန်းစာယူစရာ ဝမ်းနည်းဖွယ် ဖြစ်ရပ်များကို မပျောက်ပျက်စေရန်နှင့် သမိုင်းမှန်ကို ထိန်းသိမ်းရန်အတွက် ယခုကဲ့သို့ အမျိုးသား အမွေအနှစ်အဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

news-view-count-icon

8