မလေးရှားနိုင်ငံ၊ စာရာဝက်ပြည်နယ် (Sarawak) အတွင်း အိမ်နီးချင်း အင်ဒိုနီးရှားနိုင်ငံမှ လာသော နယ်စပ်ဖြတ်ကျော် မီးခိုးမြူများ (Transboundary Haze) ဆက်လက် ဖုံးလွှမ်းနေသဖြင့် ဒေသ ၉ ခုတွင် လေထုထုညစ်ညမ်းမှု ညွှန်းကိန်း (API) သည် ကျန်းမာရေးအတွက် မကောင်းသည့် အဆင့်သို့ ရောက်ရှိနေသည်။အထူးသဖြင့် ဆီရီယန် (Serian) ဒေသတွင် လေထုထုညစ်ညမ်းမှု ညွှန်းကိန်း ၁၉၅ အထိ ရောက်ရှိခဲ့ပြီး အန္တရာယ်ရှိသည့် အဆင့် (၂၀၀) သို့ နီးကပ်လာခဲ့သည်။ မလေးရှား ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဌာန၏ ထုတ်ပြန်ချက်အရ ဒေသတွင်း မီးခိုးမြူများသည် အင်ဒိုနီးရှားနိုင်ငံ၊ ကာလီမန်တန်ဒေသရှိ တောမီးလောင်ကျွမ်းမှုများမှ လေတိုက်ခတ်မှုကြောင့် ပါလာခြင်းဖြစ်ကြောင်း သိရသည်။သက်ဆိုင်ရာ အာဏာပိုင်များက အများပြည်သူများအနေဖြင့် အပြင်ထွက်ပါက နှာခေါင်းစည်း (Mask) တပ်ဆင်ကြရန်၊ ပြင်ပ ကိုယ်လက်လှုပ်ရှားမှုများကို လျှော့ချရန်နှင့် တောမီး သို့မဟုတ် အမှိုက် မီးရှို့ခြင်းများကို လုံးဝ မပြုလုပ်ကြရန် အသိပေး နှိုးဆော်ထားသည်။
မလေးရှားနိုင်ငံ၊ စာရာဝက်ပြည်နယ်၏ နေရာ ၉ ခုတွင် နယ်စပ်ဖြတ်ကျော် မီးခိုးမြူများကြောင့် လေထုအရည်အသွေး ဆက်လက် ဆိုးရွားနေဆဲဖြစ်
Aug 13 • 3:41 AM
မလေးရှား
ပြည်တွင်း
မျှဝေမည်
| 8 | 0 | 0 | 0 |


