လာအိုနိုင်ငံ၊ ဗီယန်းကျင်းမြို့ရှိ သတ်လောင်ကန် အထူးစီးပွားရေးဇုန် (Thatluang Lake SEZ) အတွင်း တည်ရှိသည့် အဆောက်အအုံတစ်ခု၌ လုပ်ကိုင်နေသော အွန်လိုင်းငွေလိမ်နှင့် လောင်းကစားလုပ်ငန်းတစ်ခုကို ယမန်နေ့က ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ပြီး နိုင်ငံခြားသား ၂၆၁ ဦးကို ဖမ်းဆီးထိန်းသိမ်းလိုက်သည်။ဖမ်းဆီးရမိသူများတွင် တရုတ်နိုင်ငံသား ၁၅၃ ဦးဖြင့် အများဆုံးပါဝင်ပြီး ဗီယက်နမ် ၆၁ ဦး၊ ထိုင်း ၃၆ ဦး၊ ထိုင်ဝမ် ၅ ဦး၊ မလေးရှား ၂ ဦး၊ တောင်ကိုရီးယား ၂ ဦးနှင့် မြန်မာနိုင်ငံသား ၂ ဦးတို့ ပါဝင်သည်။ စီးနင်းမှုအတွင်း ကွန်ပျူတာ အလုံး ၅၀၀ နီးပါးနှင့် ဖုန်း ၂,၃၅၅ လုံးကိုလည်း သက်သေပစ္စည်းအဖြစ် သိမ်းဆည်းရမိခဲ့သည်။အဆိုပါ အဆောက်အအုံမှာ Lao Thatluang Investment Development Co., Ltd. ပိုင်ဆိုင်ခြင်းဖြစ်ပြီး လာအိုအာဏာပိုင်များက လုပ်ငန်းနောက်ကွယ်မှ ကြိုးကိုင်သူများကို ဖမ်းဆီးအရေးယူနိုင်ရန် ဆက်လက်စုံစမ်းလျက်ရှိသည်။ လက်ရှိတွင် လာအိုနိုင်ငံတစ်ဝန်း အွန်လိုင်းငွေလိမ်ဂိုဏ်းများကို အရှိန်အဟုန်မြှင့် နှိမ်နင်းလျက်ရှိကြောင်း သိရသည်။
လာအို သတ်လောင်အထူးစီးပွားရေးဇုန်အတွင်း အွန်လိုင်းငွေလိမ်လုပ်ငန်း ဝင်ရောက်စီးနင်းခံရပြီး နိုင်ငံခြားသား ၂၆၁ ဦး ဖမ်းဆီးခံရ
Aug 13 • 2:11 AM
လာအို
ပြည်တွင်းသတင်း
မျှဝေမည်
| 13 | 0 | 0 | 0 |


