back

တရုတ် ဝန်ကြီးချုပ်ဟောင်း ကျို့ရုံဇီ အသက် ၉၇ နှစ်အရွယ်တွင် ကွယ်လွန်

Aug 13 • 1:40 AM

breaking-news

တရုတ်

ပြည်တွင်းသတင်း

cover

တရုတ် ဝန်ကြီးချုပ်ဟောင်း ကျို့ရုံဇီ အသက် ၉၇ နှစ်အရွယ်တွင် ကွယ်လွန်

တရုတ်နိုင်ငံ၏ ဈေးကွက် ပြုပြင်ပြောင်းလဲမှုများနှင့် စီးပွားရေး တိုးတက်မှုကို အရှိန်အဟုန်မြှင့်တင်ပေးခဲ့သည့် ဝန်ကြီးချုပ်ဟောင်း ကျို့ရုံဇီ (Zhu Rongji) သည် နာမကျန...

တရုတ်နိုင်ငံ၏ ဈေးကွက် ပြုပြင်ပြောင်းလဲမှုများနှင့် စီးပွားရေး တိုးတက်မှုကို အရှိန်အဟုန်မြှင့်တင်ပေးခဲ့သည့် ဝန်ကြီးချုပ်ဟောင်း ကျို့ရုံဇီ (Zhu Rongji) သည် နာမကျန်းဖြစ်ရာမှ အသက် ၉၇ နှစ်အရွယ်တွင် ပေကျင်းမြို့၌ ကွယ်လွန်သွားကြောင်း ဩဂုတ် ၁၂ ရက်တွင် နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက ဖော်ပြသည်။ကျို့ရုံဇီသည် ၁၉၉၈ ခုနှစ်တွင် ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး အမြတ်မပေါ်သော နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများနှင့် မြို့ပြအိမ်ရာများကို ပုဂ္ဂလိကပိုင်ပြုလုပ်ပေးခြင်း စသည့် ကျယ်ပြန့်သော ပြုပြင်ပြောင်းလဲမှုများကို ဖော်ဆောင်ခဲ့သူဖြစ်သည်။ ၎င်းအား တရုတ်ကွန်မြူနစ်ပါတီ၏ ထူးချွန်သော အဖွဲ့ဝင်တစ်ဦး၊ သစ္စာရှိ ကွန်မြူနစ် တိုက်ခိုက်ရေးသမားတစ်ဦးအဖြစ် ဂုဏ်ပြုဖော်ပြထားကြောင်း သိရသည်။

news-view-count-icon

15