အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ Truth Social လူမှုကွန်ရက်ပေါ်ရှိ ပို့စ်များကို စျေးကွက်အတွင်းရှိ တခြားသူများထက် စောစီးစွာ သိရှိနိုင်ရန်အတွက် လုပ်ငန်းကုမ္ပဏီ ၁၀ ခုကျော်က တစ်လလျှင် အမေရိကန်ဒေါ်လာ တစ်သိန်းအထိ ပေးဆောင်နေကြကြောင်း Reuters သတင်းအရ သိရသည်။ Trump Media ကုမ္ပဏီသည် ဝေါလ်စထရိ (Wall Street) ကုန်သည်များအတွက် လူမှုကွန်ရက်ပေါ်က ဩဇာလွှမ်းမိုးမှုရှိသော အကောင့်များ၏ ပို့စ်များကို အရင်ဆုံး မြင်တွေ့နိုင်မည့် "Truth API" ဝန်ဆောင်မှုကို ဩဂုတ်လဆန်းပိုင်းတွင် စတင်မိတ်ဆက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဝန်ဆောင်မှုကို အဓိကအားဖြင့် High-frequency trading (HFT) ကုမ္ပဏီများက တစ်လလျှင် ဒေါ်လာ ၆၀,၀၀၀ မှ ၁ သိန်းအထိ ပေးဆောင်၍ အသုံးပြုနေကြခြင်းဖြစ်ပြီး၊ ထရမ့်၏ စျေးကွက်ဂယက်ရိုက်စေနိုင်သော ပို့စ်များကြောင့် ရှယ်ယာအရောင်းအဝယ်တွင် အားသာချက်ရရှိရန် ရည်ရွယ်ခြင်းဖြစ်သည်။ သို့သော်လည်း သမ္မတ၏ ပြောဆိုချက်များအပေါ် အခြေခံ၍ ယခုကဲ့သို့ အကျိုးအမြတ်ရှာဖွေခြင်းမှာ ဥပဒေနှင့် ကျင့်ဝတ်ပိုင်းဆိုင်ရာ မေးခွန်းထုတ်စရာများ ဖြစ်ပေါ်နေကြောင်း သိရသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ Truth Social ပို့စ်များကို အခြားသူများထက် စောစီးစွာဖတ်ရှုနိုင်ရန် ကုမ္ပဏီ ၁၀ ခုကျော်က လစဉ် ဒေါ်လာ ၁ သိန်းအထိ ပေးဆောင်နေ
Aug 12 • 2:16 PM
မြန်မာ
ပြည်ပ
မျှဝေမည်
| 15 | 0 | 0 | 0 |


