menu-icon
logo-icon

Global Reporter

home-icon

ပင်မ

breaking_news-icon

သတင်းထူးများ

hot-icon

လူကြိုက်များ

language-icon

language-icon
language-icon
‌
‌
‌
‌
‌
‌

Follow လုပ်ရန်

Application ဒေါင်းလုပ် လုပ်ရန်

playstore-iconappstore-icondownload-app-icon

Follow လုပ်ရန်

Application ဒေါင်းလုပ် လုပ်ရန်

playstore-iconappstore-icondownload-app-icon
Copyright 2026 Global Report. All rights reserved
navbar-bgnavbar-bg-dark
back

မဲခေါင်မြစ်ရေ စိုးရိမ်ရေမှတ်သို့ ရောက်ရှိရန် နီးကပ်နေပြီး ထိုင်း-လာအို နယ်စပ်ဈေးကို ရေလွှမ်းမိုး

Aug 12 • 2:09 PM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

မျှဝေမည်

share-news
cover

မဲခေါင်မြစ်ရေ စိုးရိမ်ရေမှတ်သို့ ရောက်ရှိရန် နီးကပ်နေပြီး ထိုင်း-လာအို နယ်စပ်ဈေးကို ရေလွှမ်းမိုး

ထိုင်းနိုင်ငံ၊ နခွန်ဖနုံ (Nakhon Phanom) မြို့တွင် မဲခေါင်မြစ်ရေ ကမ်းလျှံတက်လာမှုကြောင့် ထိုင်း-လာအို နယ်စပ်ဈေးအတွင်းသို့ ရေများ ဝင်ရောက်လျက်ရှိကြောင်း ဩဂုတ်လ ၁...

cover-photo

ထိုင်းနိုင်ငံ၊ နခွန်ဖနုံ (Nakhon Phanom) မြို့တွင် မဲခေါင်မြစ်ရေ ကမ်းလျှံတက်လာမှုကြောင့် ထိုင်း-လာအို နယ်စပ်ဈေးအတွင်းသို့ ရေများ ဝင်ရောက်လျက်ရှိကြောင်း ဩဂုတ်လ ၁၂ ရက် (ဗုဒ္ဓဟူးနေ့) တွင် သိရသည်။ ဗုဒ္ဓဟူးနေ့ နံနက် ၆ နာရီ တိုင်းတာချက်များအရ မြစ်ရေသည် ယခင်နေ့ထက် ၁၅ စင်တီမီတာ ပိုမိုမြင့်တက်လာကာ ၁၁ ဒသမ ၉၈ မီတာသို့ ရောက်ရှိနေပြီး၊ စိုးရိမ်ရေမှတ်သို့ ရောက်ရှိရန် ၂ စင်တီမီတာသာ လိုတော့သဖြင့် နေ့လယ်ပိုင်းတွင် စိုးရိမ်ရေမှတ်သို့ ကျော်လွန်သွားနိုင်ကြောင်း အာဏာပိုင်များက သတိပေးထားသည်။ လက်ရှိတွင် မဲခေါင်မြစ်ရေများ မြို့တွင်းသို့ ထပ်မံစီးဝင်ခြင်းမရှိစေရန်အတွက် နခွန်ဖနုံ စည်ပင်သာယာရေးအာဏာပိုင်များက အဓိက ရေစုပ်စက်ရုံကြီးများရှိ ရေတံခါး ၄ ခုစလုံးကို အရေးပေါ် ပိတ်ထားရန် ညွှန်ကြားကာ ရေကြီးမှုဒဏ်ကို ကာကွယ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

news-view-count-icon

13

like-icon

0

comment-icon

0

share-news-icon

0

left-arrow-icon
cover-photo

ရိုးရာဖိုက်တာ စောမင်းမင်း Inner Cycle 27 ပြိုင်ပွဲတွင် ထိုင်းဖိုက်တာ ဆူရီယန်လက်နှင့် ထိပ်တိုက်ရင်ဆိုင်ရမည်

အာဆီယံအတွင်းရေးမှူးချုပ်နှင့် အာဆီယံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံတို့ ဂျကာတာမြို့၌ တွေ့ဆုံဆွေးနွေး

cover-photo
right-arrow-icon