ထိုင်းနိုင်ငံ၊ ရယောင်းခရိုင် (Rayong) ရှိ တရုတ်ရင်းနှီးမြှုပ်နှံသူများပိုင်ဆိုင်သော ဆောက်လုပ်ဆဲဒေတာစင်တာ လုပ်ငန်းခွင်တစ်ခုကို ရဲတပ်ဖွဲ့နှင့် လူဝင်မှုကြီးကြပ်ရေးအရာရှိများက အင်္ဂါနေ့ (ဩဂုတ်လ ၁၁ ရက်) နံနက်ပိုင်းတွင် ဝင်ရောက်စီးနင်းခဲ့ရာ တရားမဝင် ရွှေ့ပြောင်းလုပ်သား မြန်မာနှင့် တရုတ်နိုင်ငံသား စုစုပေါင်း ၂၄ ဦး ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။ အဆိုပါ ဧက ၁၀၀ ကျော်ကျယ်ဝန်းသည့် လုပ်ငန်းခွင်အတွင်းရှိ အလုပ်သမားစခန်းတွင် လုပ်ကိုင်နေသူ ၄၀၀ ကျော်ရှိပြီး၊ အာဏာပိုင်များ ဝင်ရောက်စီးနင်းစဉ် အလုပ်သမားအချို့မှာ အနီးနားရှိ တူးမြောင်းထဲသို့ ခုန်ချရေကူးခြင်းဖြင့် ထွက်ပြေးလွတ်မြောက်သွားခဲ့ကြသည်။ လက်ရှိတွင် ဖမ်းဆီးရမိထားသည့် တရားမဝင်လုပ်သားများကို ဥပဒေအရ အရေးယူနိုင်ရန် သက်ဆိုင်ရာရဲစခန်းသို့ ပို့ဆောင်ထားကြောင်း သိရသည်။
Aug 12 • 2:05 PM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 16 | 0 | 0 | 0 |


