တရုတ်ပြည်တွင်း ကုန်းတွင်းပိုင်းဒေသကြီးနှင့် အရှေ့တောင်အာရှဒေသကို တိုက်ရိုက်ဆက်သွယ်ပေးမည့် ၈၃ ဒသမ ၄ မိုင် ရှည်လျားသော တူးမြောင်းမဂ္ဂါစီမံကိန်း၏ ပထမဆုံးအကြိမ် အစအဆုံး စမ်းသပ်မောင်းနှင်မှုမှာ အပြည့်အဝ ပြီးစီးအောင်မြင်ခဲ့ကြောင်း ဆင်ဟွာသတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။ အဆိုပါ တူးမြောင်းကြီး၏ အဓိကအင်ဂျင်နီယာဆိုင်ရာ တည်ဆောက်ရေးအဆင့်များကို ပြီးခဲ့သည့် ဇူလိုင်လကတည်းက အပြီးသတ်ခဲ့ခြင်းဖြစ်ပြီး၊ ယခုစမ်းသပ်မှု အောင်မြင်ခဲ့ခြင်းကြောင့် အဓိကကုန်သွယ်ဘက်အဖွဲ့အစည်းများနှင့် ကုန်သွယ်ရေးလုပ်ငန်းများကို ပိုမိုချောမွေ့စေမည်ဖြစ်သည်။ လက်ရှိတွင် လာမည့် စက်တင်ဘာလအတွင်း စတင်ဖွင့်လှစ်နိုင်ရန်အတွက် နောက်ဆုံးပြင်ဆင်မှုအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။
အရှေ့တောင်အာရှသို့ ဆက်သွယ်မည့် တရုတ်နိုင်ငံ၏ တူးမြောင်းမဂ္ဂါစီမံကိန်း ပထမဆုံးအကြိမ် စမ်းသပ်မောင်းနှင်မှု အောင်မြင်
Aug 12 • 2:00 PM
တရုတ်
ပြည်တွင်းသတင်း
မျှဝေမည်
| 11 | 0 | 0 | 0 |


