တောင်ကိုရီးယားနိုင်ငံသည် ရုရှား၏ ကျူးကျော်မှုကို ခံနေရသော ယူကရိန်းနိုင်ငံဘက်မှ ရပ်တည်ပေးနေသော်လည်း ၎င်းတို့ထံ လေကြောင်းကာကွယ်ရေးစနစ်များ ထောက်ပံ့ပေးရန် ယူကရိန်းအစိုးရ၏ တောင်းဆိုမှုမှာ တောင်ကိုရီးယားအတွက် ကြီးမားသော စိန်ခေါ်မှုတစ်ခု ဖြစ်နေကြောင်း ဩဂုတ်လ ၁၁ ရက်တွင် သိရသည်။ စစ်ဖြစ်ပွားနေသည့် နိုင်ငံများထံ တိုက်ရိုက် လက်နက်ထောက်ပံ့ခြင်း မပြုလုပ်ရန် တားမြစ်ထားသည့် တောင်ကိုရီးယား၏ ပြည်တွင်းဥပဒေနှင့် မူဝါဒဆိုင်ရာ ကန့်သတ်ချက်များ၊ မိမိနိုင်ငံ၏ လုံခြုံရေးအရ စစ်ရေးလိုအပ်ချက်များနှင့် ယူကရိန်းထံ လက်နက်ထောက်ပံ့ပါက ရုရှားနိုင်ငံနှင့် ဆက်ဆံရေး ပိုမိုတင်းမာပျက်ပြားသွားနိုင်သည့် အခြေအနေများကြောင့် တောင်ကိုရီးယားအစိုးရအနေဖြင့် ယခုတောင်းဆိုမှုကို လက်ခံရန် အလွန်အကျပ်ရိုက်ခက်ခဲလျက်ရှိကြောင်း လေ့လာဆန်းစစ်သူများက ထောက်ပြထားသည်။
Aug 12 • 1:50 PM
တောင်ကိုရီးယား
ပြည်တွင်းသတင်း
မျှဝေမည်
| 12 | 0 | 0 | 0 |


