အာဘူဒါဘီ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး ဌာန (DCT Abu Dhabi) သည် အိန္ဒိယ ခရီးသွားများကို ဆွဲဆောင်ရန်အတွက် အခမဲ့ ပြည်ဝင်ခွင့် ဗီဇာ ပေးအပ်မည့် အစီအစဉ်သစ်တစ်ခုကို ၂၀၂၆ ခုနှစ် ဩဂုတ်လ ၁ ရက်မှ အောက်တိုဘာလ ၃၁ ရက်နေ့အထိ စတင်လိုက်သည်။အဆိုပါ အစီအစဉ်အရ အိန္ဒိယနိုင်ငံမှ ထွက်ခွာသည့် အိန္ဒိယ ပတ်စပို့ ကိုင်ဆောင်ထားသူများသည် သတ်မှတ်ထားသော ခရီးသွား အေဂျင်စီများမှတစ်ဆင့် အာဘူဒါဘီရှိ ဟိုတယ်တွင် အနည်းဆုံး ၃ ည အိမ်ဆက်တိုက် တည်းခိုမည့် ခရီးစဉ် (Package) များနှင့် အပြန်လေယာဉ်လက်မှတ်များကို စာရင်းပေးသွင်းပါက ယူအေအီး ပြည်ဝင်ခွင့် ဗီဇာကြေး (၂၈၅ ဒီရ်ဟမ် / အမေရိကန်ဒေါ်လာ ၇၇ ဒေါ်လာခန့်) ပေးရန် မလိုဘဲ အခမဲ့ ရရှိမည်ဖြစ်သည်။အဆိုပါ အခမဲ့ ဗီဇာ အစီအစဉ်ကို ကနဦး စမ်းသပ်ကာလအဖြစ် ဗီဇာ စောင်ရေ ၂၀,၀၀၀ အထိ ခွင့်ပြုပေးသွားမည်ဖြစ်သည်။ အာဘူဒါဘီ အာဏာပိုင်များက အဓိက ခရီးသွား ဈေးကွက်ဖြစ်သည့် အိန္ဒိယမှ ခရီးသွားများကို ပိုမို လာရောက်စေရန်နှင့် ခရီးစဉ် ကြာမြင့်စွာ တည်းခို လည်ပတ်စေရန် ရည်ရွယ်၍ ယခုကဲ့သို့ အခမဲ့ ဗီဇာကြေး ထောက်ပံ့ပေးခြင်းဖြစ်သည်။
Aug 12 • 7:06 AM
UAE
ပြည်တွင်းသတင်း
မျှဝေမည်
| 11 | 0 | 0 | 0 |


