ဂျပန်ယန်းငွေ တန်ဖိုးသည် အမေရိကန် ဒေါ်လာနှင့် လဲလှယ်ရာတွင် ၁ ရာခိုင်နှုန်းခန့် ထပ်မံ ကျဆင်းခဲ့ပြီး ၁ ဒေါ်လာလျှင် ၁၅၉.၂၉ ယန်းအထိ ရောက်ရှိသွားခဲ့ကြောင်း သိရသည်။အဆိုပါ ကျဆင်းမှုသည် မကြာသေးမီက ဂျပန်နှင့် အမေရိကန် ဘဏ္ဍာရေး အာဏာပိုင်များ ပူးပေါင်း၍ ငွေကြေးဈေးကွက်အတွင်း ဝင်ရောက် စွက်ဖက်ထိန်းညှိမှု (Intervention) ကြောင့် တက်လာခဲ့သည့် ယန်းငွေတန်ဖိုး အမြတ်များ၏ ထက်ဝက်ခန့် ပြန်လည် ဆုံးရှုံးသွားခြင်းဖြစ်သည်။ ဈေးကွက် စီးပွားရေး လေ့လာသူများ၏ အဆိုအရ အာဏာပိုင်များဘက်မှ အသစ်ထပ်မံ ဝင်ရောက် ထိန်းညှိပေးခြင်း မရှိပါက ယန်းငွေတန်ဖိုးသည် ဆက်လက် လျော့ကျနေဖွယ် ရှိကြောင်း သုံးသပ်ထားကြသည်။
Aug 12 • 4:37 AM
ဂျပန်
ပြည်တွင်းသတင်း
မျှဝေမည်
| 10 | 0 | 0 | 0 |


