လာအိုနိုင်ငံ အမျိုးသားလွှတ်တော် (NA) သည် ဝင်ငွေနည်း အိမ်ထောင်စုများ၏ နေထိုင်မှု ကုန်ကျစရိတ် ဝန်ထုပ်ဝန်ပိုးကို လျှော့ချပေးနိုင်ရန်အတွက် ထောက်ပံ့ကြေးပေးထားသည့် လူနေအိမ်သုံး လျှပ်စစ်ဓာတ်အားခများပေါ်တွင် တန်ဖိုးမြှင့်အခွန် (VAT) ကင်းလွတ်ခွင့်ပြုမည့် အဆိုပြုချက်တစ်ခုကို စိစစ်စဉ်းစားလျက်ရှိကြောင်း သိရသည်။အဆိုပါ အဆိုပြုချက်ကို အမျိုးသားလွှတ်တော် အမြဲတမ်းကော်မတီ၏ ဩဂုတ်လ ၆ ရက်မှ ၇ ရက်နေ့အထိ ကျင်းပခဲ့သည့် လစဉ်အစည်းအဝေးတွင် တင်ပြခဲ့ခြင်းဖြစ်ပြီး၊ လက်ရှိတွင် လာအိုနိုင်ငံ၌ လျှပ်စစ်ဓာတ်အားခများပေါ်တွင် VAT ၁၀ ရာခိုင်နှုန်း ကောက်ခံလျက်ရှိသည်။ပြီးခဲ့သည့် ဇူလိုင်လအတွင်း လာအိုနိုင်ငံ၏ လျှပ်စစ်ဓာတ်အားခများမှာ ယခင်နှစ် ကာလတူထက် ၉၁.၅ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပြီး ကုန်ဈေးနှုန်း ကြီးမြင့်မှုကို ဖြစ်ပေါ်စေခဲ့ရာ အစိုးရအနေဖြင့် ဝင်ငွေနည်း ပြည်သူများအတွက် လျှပ်စစ်ဓာတ်အားခ သက်သာခွင့် အစီအစဉ်များကို ထပ်မံဖြည့်စွက် အကောင်အထည်ဖော်ရန် စီစဉ်ခြင်းဖြစ်သည်။
လာအို၌ ဝင်ငွေနည်း အိမ်ထောင်စုများအတွက် လျှပ်စစ်ဓာတ်အားခ ကုန်ကျစရိတ် သက်သာစေရန် တန်ဖိုးမြှင့်အခွန် (VAT) ကင်းလွတ်ခွင့်ပြုရေး စီစဉ်
Aug 12 • 2:07 AM
လာအို
ပြည်တွင်းသတင်း
မျှဝေမည်
| 8 | 0 | 0 | 0 |


